အကြမ်းဖက်သောင်းကျန်းသူများက လွိုင်ကော်မြို့အတွင်း အကြမ်းဖက်မှုလုပ်ငန်းများ လုပ်ဆောင်နေမှုကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပြည်သူလူထုထိခိုက်မှုမရှိစေရေး လုံခြုံရေးလုပ်ငန်း များတိုးမြှင့်ဆောင်ရွက်လျက်ရှိ

အကြမ်းဖက်သောင်းကျန်းသူများက လွိုင်ကော်မြို့အတွင်း အကြမ်းဖက်မှုလုပ်ငန်းများ လုပ်ဆောင်နေမှုကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပြည်သူလူထုထိခိုက်မှုမရှိစေရေး လုံခြုံရေးလုပ်ငန်း များတိုးမြှင့်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / January 16, 2022
image_latest


နေပြည်တော်  ဇန်နဝါရီ  ၁၆

တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အား အရေးပေါ်အခြေအနေအဖြစ် ကြေညာ၍ နိုင်ငံတော်၏တာဝန် အရပ်ရပ်အား ရယူပြီးနောက် နိုင်ငံတစ်ဝှမ်းလုံးတွင် နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ ထိုကဲ့သို့ ဆောင်ရွက်နေသည့်အပေါ် အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ အကြမ်းဖက်သမားများဖြစ်သော PDF အမည်ခံ သောင်းကျန်းသူ များက နိုင်ငံတစ်ဝှမ်းတည်ငြိမ် အေးချမ်းမှု ပျက်ပြား စေရန်နှင့် ပြည်သူလူထုများ သေကြေပျက်စီး၍ အထိတ်တလန့်ဖြစ်ပွားကာ အစိုးရအပေါ် ယုံကြည်မှုပျက်ပြား လာစေရန်မြို့၊ ရွာများတွင် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် တိုးမြှင့် လုပ်ဆောင် လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်မှုများကို လုပ်ဆောင်လျက်ရှိရာတွင် ယနေ့နေ့လယ်ပိုင်း က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်အတွင်းရှိ ပြည်သူလူထု၏ နေအိမ်အဆောက်အဦများတွင် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်ခိုအောင်း၍ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ရန် ပြင်ဆင်စုဖွဲ့လျက်ရှိကြောင်း သတင်းအရ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် နေအိမ်အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် လုံခြုံရေးကိစ္စရပ်များကို စနစ်တကျ ဝင်ရောက်ဆောင်ရွက်ခဲ့သည်။ ထိုကဲ့သို့ နယ်မြေ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်မှုကို အကြမ်းဖက်သောင်းကျန်းသူများက ပြည်သူလူထုပိုင် နေအိမ် အဆောက်အဦများအား အကာအကွယ်ပြု၍ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယနေ့နေ့လယ် ၁၂ နာရီ ၂၅ မိနစ်မှ ညနေ ၂ နာရီ ၃၀ မိနစ် ထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ၎င်းအပြင် လွိုင်ကော်မြို့နယ်၊ နန်းမယ်ခုံမြို့အတွင်း ခိုအောင်းရောက်ရှိလျက်ရှိသော အကြမ်းဖက် သောင်းကျန်းသူ ခေါင်းဆောင် များက အင်အားဖြည့် လက်နက်ခဲယမ်းများကို ဖြန့်ဝေ၍ လွိုင်ကော်မြို့အတွင်းသို့ အကြမ်းဖက်သူများ ထပ်မံဖြည့်တင်းရန် နန်းမယ်ခုံမြို့အတွင်း စုဝေးလျက်ရှိပြီး အချို့အင်အားစုများမှာ လွိုင်ကော်မြို့အတွင်း အကြမ်းဖက်မှုလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်နိုင်ရန်ယာဉ်များဖြင့် ထွက်ခွာ လာကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် တာဝန်သိပြည်သူများက သတင်းပေးပို့လာသဖြင့် ၎င်းတို့၏ အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်နိုင်မှုမရှိစေရေး သောင်းကျန်းသူများ၏ စစ်ကူပစ်ကူများအား တပ်မတော်ကလေကြောင်းနှင့် အမြောက်တို့ဖြင့် ပိုင်းဖြတ်ပစ်ခတ်၍ ထိန်းချုပ် ဆောင်ရွက်ခဲ့သည်။

ထိုသို့ အကြမ်းဖက်သမားများ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြား စေရန်နှင့် ပြည်သူလူထုအား သေကြေ ထိခိုက်စေရန် ရည်ရွယ်လုပ်ဆောင်နေမှုများကို တပ်မတော်နှင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်မှု ကိုမလိုလားသော ပြည်သူ လူထုနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,