အခမ်းအနားမှူးသင်တန်း၊ အစားအသောက်နှင့် အဖျော်ယမကာဝန်ဆောင်မှု ကျွမ်းကျင် သင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

အခမ်းအနားမှူးသင်တန်း၊ အစားအသောက်နှင့် အဖျော်ယမကာဝန်ဆောင်မှု ကျွမ်းကျင် သင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / September 25, 2022
image_latest


နေပြည်တော် စက်တင်ဘာ ၂၄

ပြည်ထဲရေးဝန်ကြီးဌာနက ကြီးမှူး ဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်း၊ အစားအသောက်နှင့် အဖျော်ယမကာဝန်ဆောင်မှု ကျွမ်းကျင်သင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၈) အရိန္ဒမာခန်းမ၌ ကျင်းပရာ အခမ်းအနားမှူး သင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် အစားအသောက် နှင့် အဖျော်ယမကာဝန်ဆောင်မှု ကျွမ်းကျင်သင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်တို့ တက်ရောက်၍ သင်တန်းဆင်းအမှာ စကားပြောကြားကာ သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ကြသည်။

ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ တပ်ဖွဲ့နှင့်ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများအား ဝန်ကြီးဌာနအဆင့် သို့မဟုတ် တပ်ဖွဲ့၊ ဦးစီးဌာနအဆင့် အခမ်းအနားများ တွင် အခမ်းအနားမှူး တာဝန် ထမ်းဆောင်တတ်စေရန်၊ စကားပြောစွမ်းရည် တိုးတက်စေပြီး လုပ်ငန်းခွင်အတွင်း ယုံကြည်မှု ရှိစေရန်၊ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ပြီး လူမှုဆက်ဆံရေး နယ်ပယ်တွင် ကောင်းမွန်စွာ အသုံးချတတ်စေရန်နှင့် အခမ်းအနားမှူးတာဝန် ပေးအပ်သည့် အခါ နည်းစနစ်မှန်ကန်ကျနစွာဖြင့် တာဝန်ထမ်းဆောင်တတ်စေ ရန်ရည်ရွယ်၍ အခမ်းအနားမှူး သင်တန်းကို နေပြည်တော် ရုံးအမှတ်(၈)အရိန္ဒမာခန်းမ၌ စက်တင်ဘာ ၂၀ ရက်က ဖွင့်လှစ်ပြီး စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်သည်။

ထို့အတူ အခမ်းအနားများ၌ အစားအသောက်နှင့် အဖျော်ယမကာ တည်ခင်းဧည့်ခံ ကျွေးမွေးရာတွင် စနစ်တကျ သန့်ရှင်းသပ်ရပ်စွာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးတတ်စေရန် ရည်ရွယ်၍ အစားအသောက်နှင့် အဖျော်ယမကာဝန်ဆောင်မှု ကျွမ်းကျင်သင်တန်းကို Royal Naypyitaw Hotel တွင် စက်တင်ဘာ ၁၉ ရက်က ဖွင့်လှစ်ပြီး စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခြင်း ဖြစ်သည်။

ယခု ဖွင့်လှစ်သင်ကြားပေးသော အခမ်းအနားမှူးသင်တန်းကို စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ မြဝတီရုပ်မြင်သံကြား(နေပြည်တော်)၊ ပြည်တွင်းသတင်းဌာနမှ ကျွမ်းကျင်သူများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးရာ သင်တန်းသား၊ သင်တန်းသူ ၇၇ ဦး တက်ရောက် သင်ကြားကြောင်းနှင့် အစား အသောက်နှင့် အဖျော်ယမကာ ဝန်ဆောင်မှု ကျွ မ်းကျင်သင်တန်း ကို စက်တင်ဘာ ၁၉ ရက်မှ ၂၄ ရက်အထိ TRC Hotel and Vocational Training Institute မှ နည်းပြများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူ ၄၃ ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်