အခုလို ဘွဲ့ချီးမြှင့်တဲ့အခါမှာ ခရစ္စယာန်ဂိုဏ်းအသီးသီးကိုလည်း အသိအမှတ်ပြုပေးတယ်ဆိုတဲ့အခါ တော်တော်လေး အံ့ဩဝမ်းသာပါတယ်။ မြန်မာပြည်ကြီးမှာ ငြိမ်းချမ်းပါစေ။ (သိက္ခာတော်ရဆရာ ဒေါက်တာအေးမင်း၊ သီရိပျံချီဘွဲ့)

အခုလို ဘွဲ့ချီးမြှင့်တဲ့အခါမှာ ခရစ္စယာန်ဂိုဏ်းအသီးသီးကိုလည်း အသိအမှတ်ပြုပေးတယ်ဆိုတဲ့အခါ တော်တော်လေး အံ့ဩဝမ်းသာပါတယ်။ မြန်မာပြည်ကြီးမှာ ငြိမ်းချမ်းပါစေ။ (သိက္ခာတော်ရဆရာ ဒေါက်တာအေးမင်း၊ သီရိပျံချီဘွဲ့)


Ministry of Information/ Naypyitaw / November 28, 2022
image_latest


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ ဖြင့် နယ်ပယ်အသီးသီးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များကို ချီးမြှင့်ခဲ့သည်။

အဆိုပါဘွဲ့၊ တံဆိပ်များ ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်အချို့၏ ဝမ်းမြောက်စကားသံများကို မြန်မာ့သတင်းစဉ်က စုစည်းဖော်ပြလိုက်ပါသည်။

သိက္ခာတော်ရဆရာ ဒေါက်တာအေးမင်း၊ သီရိပျံချီဘွဲ့

ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်

ကျွန်တော်ကတော့ မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ် Rev. Dr အေးမင်း ဖြစ်ပါတယ်။ အခုလိုမမျှော်လင့်ဘဲနဲ့ နိုင်ငံတော်ကနေပြီးတော့ ဘွဲ့ချီးမြှင့်တာကို ကြားရတဲ့အခါ ကျွန်တော်က မြစ်ကြီးနားကို ရောက်နေတာပါ။ တော်တော်လေး အံ့ဩမိပါတယ်။ ဘာဖြစ်လို့ အံ့ဩမိသလဲဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ သမိုင်း၊ ကျွန်တော့်ရဲ့ အတွေ့အကြုံ အရဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့ နိုင်ငံဖြစ်တယ်။ တခြားဘာသာတွေက အနည်းစုဖြစ်တာပေါ့။ အခုလို ဘွဲ့ချီးမြှင့်တဲ့အခါမှာ ခရစ္စယာန်ဂိုဏ်းအသီးသီးကိုလည်း အသိအမှတ်ပြုပေးတယ်ဆိုတဲ့အခါ တော်တော်လေး အံ့ဩဝမ်းသာပါတယ်။ ခရစ္စမတ်လည်း ရောက်လာတဲ့အခါ မြန်မာပြည်ကြီးမှာ ငြိမ်းချမ်းပါစေ၊ အမြန်ဆုံးကျန်းမာပါစေလို့ ဆုမွန်ကောင်းတောင်းပြီးတော့မှ လုပ်ဆောင်သွားဖို့ ခွန်အားတွေ ဖြစ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

(ဒေါက်တာ တင်ရွှေ)- သိပ္ပကျော်စွာဘွဲ့

(ဒေါက်တာ တင်ရွှေ)၏ သမီး

ဒေါ်သက်သက်ရွှေ

ဖေဖေကတော့ ဆေးပညာမှာထူးချွန်အောင်သူ့ကိုယ်သူ ကြိုးစားခဲ့ပါတယ်။ ပြီးတော့ စာပေလောကမှာလည်း တော်တော်ကြီးကို သူ့အနေနဲ့ ဝါသနာပါတဲ့ စာတွေကို ရေးသားခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က ပညာကို သေရွာကိုယူမသွားကြေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ သိပ္ပံပညာနဲ့ဆိုင်တဲ့ စာအုပ်တွေရော၊ ဝိဇ္ဇာပညာနဲ့ဆိုင်တဲ့စာအုပ်တွေရော ပြုစုရေးသား ထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်။ သူသာသိရင်တော့ တော်တော်လေး ပီတိ ဖြစ်ပါလိမ့်မယ်။

ဦးအောင်ချိုမြင့်၊ လူမှုထူးချွန်

(တတိယဆင့်)

ပိုက်ကျော်ခြင်းနည်းပြ

နိုင်ငံတကာပြိုင်ပွဲတွေ၊ ဆီးဂိမ်းပွဲတွေ၊ အာရှပွဲတွေ ကျွန်တော်တို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ ဆုတံဆိပ်တွေ များစွာရရှိခဲ့ပါတယ်။ အဲဒီစွမ်းဆောင်ချက်တွေကြောင့် နိုင်ငံတော်ကနေ ဒီလိုအဆင့်မြင့်တဲ့ လူမှုထူးချွန် တတိယဆင့်ကို ချီးမြှင့်ခဲ့ပါတယ်။ ကျွန်တော်တို့ စွမ်းဆောင်ချက်နဲ့ နိုင်ငံတော်က ချီးမြှင့်တယ်လို့ ခံယူပြီးတော့ အတိုင်းမသိ ဝမ်းသာပျော်ရွှင်ဖြစ်မိပါတယ်၊ နိုင်ငံတော်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။

ခိုင်နှင်းဝေ ၊ လူမှုထူးချွန်ဆု(တတိယဆင့်)

(ရုပ်ရှင်သရုပ်ဆောင်၊ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ)

ပရဟိတလုပ်ငန်းကို ၂၀၁၄ ခုနှစ်ကစပြီး ရေဘေးမှာ စတင်လုပ်ဆောင်ခဲ့တာပါ။ မိဘမဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ခဲ့တာက ၂၀၁၈ ခုနှစ်က စတင်ခဲ့တာပါ။ ပရဟိတလုပ်ငန်းကို စတင်လုပ်ဆောင်ချိန်မှာ အတိုက်အခံတွေကြားက ရုန်းကန်ပြီး လုပ်ဆောင်ခဲ့ရပါတယ်။ အမျိုးသမီးတစ်ဦးဖြစ်တဲ့အတွက် အမျိုးသားတွေထက်ပိုပြီး ရုန်းကန်ခဲ့ရပါတယ်။

အခု မိဘမဲ့ကလေးငယ် ၆၆ ဦးကို မွေးမြူစောင့်ရှောက်ထားပြီးတော့ ကလေးငယ် နှစ်ဦးကစပြီး မိဘမဲ့ဂေဟာ လေးကို စတင်ခဲ့တာပါ။ လူမှုထူးချွန်ဆု (တတိယဆင့်) ရရှိမှုအပေါ် အထူးပဲ ကျေးဇူးတင်ပြီး ဝမ်းလည်းသာတယ်။ လူမှုထူးချွန်ဆုကို ကျွန်မမှ မဟုတ်ပါဘူး၊ အခြားသောပရဟိတ လုပ်ဆောင်သူတွေကိုလည်း ရစေချင်ပါတယ်။ ပရဟိတလုပ်ငန်းအားလုံး စည်းစည်းလုံးလုံးနဲ့ ဆက်ပြီးလုပ်ဆောင်မယ်ဆိုရင် အခက်အခဲရှိသူတွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ကူညီနိုင်မှာပါ။

ပရဟိတလုပ်ငန်းမှာ အခက်အခဲတွေရှိပေမယ့် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအနေနဲ့ အခက်အခဲကြုံတွေ့နေရသူတွေကို တွေ့ရတဲ့အခါမှာ ကျွန်မဟာ ကျွန်မအတွက် ရှင်သန်တာမဟုတ်ဘဲ သူတို့အတွက် ရှင်သန်ရမယ်ဆိုတဲ့ အတွေးရှိခဲ့တယ်။

ဒီကိုရောက်လာတဲ့ ကလေးတွေဟာ တစ်ရက်ပြီးတစ်ရက် အသက်ရလာတာကြောင့် သူတို့လေးတွေရဲ့ နောင်ရေးကို အများကြီးကြိုးစားရဦးမှာပါ။ နောက်ထပ်ရောက်လာမယ့် ကလေးတွေအတွက်လည်း ကြိုးစားရဦးမှာပါ။ မိမိလုပ်ဆောင်နိုင်သရွေ့ လုပ်ဆောင်သွားဖို့ လည်းရှိပါတယ်။ အခုလိုနိုင်ငံတော်က အသိအမှတ်ပြုပြီး လူမှုထူးချွန်ဆု ချီးမြှင့်မှုအပေါ် ဝမ်းသာဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ အသိအမှတ်ပြုမှုအပေါ်မှာ အမောပြေပြီး ဆက်လက်ကြိုးစားဖို့ ခွန်အားတွေလည်း ရရှိစေလို့ပါ။