အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၃၇) သင်တန်းဆင်းပွဲ ကျင်းပ

အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၃၇) သင်တန်းဆင်းပွဲ ကျင်းပ


Ministry of Information/ Naypyitaw / September 09, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၈

အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၂၃၇) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရက်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကထိကများ၊ သင်တန်းသားများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ သင်တန်းကထိကများနှင့် သင်တန်းသားများက Online ဖြင့် တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က သင်တန်းမှရရှိသည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကို လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချကြရန်၊ စာရင်း ပညာပြန့်ပွားစေရေး ပြန်လည်မျှဝေကြရန်နှင့် အလယ်အလတ်နှင့် အဆင့်မြင့်အဆင့်သင်တန်းများကို ဆက်လက်တက်ရောက်ပြီး ကိုယ်ပိုင်အရည်အသွေး ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ဌာနအကျိုးသယ်ပိုးနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် သင်တန်းသားများကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ သင်တန်းတွင်ဌာန၊ အဖွဲ့အစည်း ၃၂ ခုမှ နေပြည်တော်တွင် သင်တန်းသား ၃၇၀၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုတွင် သင်တန်းသား ၅၁၄ ဦး စုစုပေါင်းသင်တန်းသား ၈၈၄ ဦး တက်ရောက်ပြီးမြောက်ပြီး အရည်အချင်းစစ်စာမေးပွဲကို စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိတစ်ပြိုင်တည်း ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,