အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် - ၂၃၇ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း
အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် - ၂၃၇ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / September 11, 2025
အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် - ၂၃၇ သင်တန်း ဆင်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ သည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ယခု သင်တန်းတက်ရောက်ခြင်းဖြင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အသွေးတိုးတက်လာစေခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည်ပြည့်ဝစွာဆောင်ရွက်နိုင်ခြင်း၊ ပြည်သူ့ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမဖြစ်စေဘဲ စာရင်းပညာနားလည်တတ်ကျွမ်းပြီး စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ အမှားအယွင်းမရှိ စာရင်းများရေးဆွဲနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းမှရရှိသည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ များကို လုပ်ငန်းခွင်တွင် ထိရောက်စွာပြန်လည်အသုံးချကြရန်၊ စာရင်းပညာပြန့်ပွားစေရေး ပြန်လည်မျှဝေကြရန်နှင့် အလယ်အလတ်နှင့်အဆင့်မြင့်အဆင့်သင်တန်းများကို ဆက်လက် တက်ရောက်ကြပြီး ကိုယ်ပိုင်အရည်အသွေး ပိုမိုတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ တော်နှင့် ဌာနအကျိုးသယ်ပိုးနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုပါ ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသားများကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။
အဆိုပါ သင်တန်းတွင် ဌာန၊ အဖွဲ့အစည်း (၃၂) ခုမှ နေပြည်တော်တွင် (၃၇၀) ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်(၁၁)ခုတို့တွင် (၅၁၄) ဦး၊ စုစုပေါင်း သင်တန်းသား (၈၈၄)ဦး တက် ရောက်ပြီးမြောက်ခဲ့ပြီး အရည်အချင်းစစ်စာမေးပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ မှ ၁၇ ရက်နေ့အထိ တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဤရုံးနှင့်ဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများ၊ သင်တန်းသားများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများ၊ သင်တန်းသားများက Online မှ တက်ရောက်ခဲ့ကြသည်။