အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) သင်တန်းစခန်းအလိုက် ပြိုင်ပွဲများကျင်းပပြုလုပ်

အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) သင်တန်းစခန်းအလိုက် ပြိုင်ပွဲများကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / May 18, 2026
image_latest


နေပြည်တော် မေ ၁၈

အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၂၀ ခုတွင် လေ့ကျင့်သင်ကြားလျက်ရှိရာ မေ ၁၇ ရက်တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ စုံလင်စွာရောက်ရှိကြသည်။

အဆိုပါအခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) သင်တန်းစခန်းပေါင်းစုံမှ စုစုပေါင်းသင်တန်းသား/ သင်တန်းသူ ၁၀၄၄ ဦးသည် ယနေ့နံနက်ပိုင်းတွင် အခြေခံစစ်ရေးပြ (လက်နက်မဲ့၊ လက်နက်ပါ) ပြိုင်ပွဲများအားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် Flight Simulator နှင့် RC Simulator မောင်းနှင်ခြင်းပြိုင်ပွဲများအားလည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို တာဝန်ရှိသူများ၊ သက်ဆိုင်ရာသင်တန်းစခန်းအသီးသီးမှ အုပ်ချုပ်သူနည်းပြများ၊ ဆရာ/ဆရာမများနှင့် သင်တန်းသားများက တက်ရောက်အားပေးကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။