အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) မှ သင်တန်းသားများ လေ့လာရေးများ ဆက်လက်ဆောင်ရွက်
အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) မှ သင်တန်းသားများ လေ့လာရေးများ ဆက်လက်ဆောင်ရွက်
Ministry of Information/ Naypyitaw / May 28, 2026
နေပြည်တော် မေ ၂၈
အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၉) မှ သင်တန်းသားများနှင့် နည်းပြအုပ်ချုပ်သူများသည် ရန်ကုန်မြို့အတွင်းလေ့လာရေးခရီးစဉ်များ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရေတပ်စခန်းဌာနချုပ်များသို့ သွားရောက်လေ့လာခြင်းနှင့် စစ်ရေယာဉ်လိုက်ပါစီးနင်းခြင်းများ ဆောင်ရွက်ကြသည်။
ဦးစွာ သန်လျင်မြို့ရှိ နယ်မြေခံရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့နောက် လေကြောင်းလူငယ် သင်တန်းသားများသည် တပ်မတော် (ရေ) Documentary အားကြည့်ရှုပြီး ရေကြောင်းပြခန်းနှင့် ကွန်ပျူတာခန်းတို့အား လည်းကောင်း၊ သမိုင်းဝင်စစ်ရေယာဉ်-မေယုအားလည်းကောင်း လေ့လာကြည့်ရှုကြသည်။
ယင်းနောက် သင်တန်းသားများနှင့် နည်းပြအုပ်ချုပ်သူများသည် မွန်းလွဲပိုင်းတွင် စစ်ရေယာဉ် (အောင်ဇေယျ) နှင့် စစ်ရေယာဉ် (ကျန်စစ်သား) တို့အား လိုက်ပါစီးနင်း၍ ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လေ့လာရေးဆောင်ရွက်ခြင်းနှင့် စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များ၊ လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာစနစ်များ၊ ရေကြောင်းသွားလာရေးဆိုင်ရာ အထွေထွေဗဟုသုတများ၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာစနစ်များနှင့် ရေယာဉ်ခုတ်မောင်းနေစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား စိတ်ပါဝင်စားစွာ လေ့လာကြသည်။
ဆက်လက်ပြီး နယ်မြေခံရေတပ်သင်္ဘောကျင်းဌာနချုပ်ရှိ ရေယာဉ်တည်ဆောက်ရေး လုပ်ငန်းခွင်သို့လည်းကောင်း၊ ရေယာဉ်တည်ဆောက်ရေးအလုပ်ရုံများသို့လည်းကောင်း၊ လွန်းတင်ရေယာဉ်များ၏ လုပ်ငန်းခွင်များသို့လည်းကောင်း သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။
