အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်း လုပ်ငန်းစဉ် (၃)ရပ်ဖြင့်‌ ဆောင်ရွက်လျက်ရှိ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်း လုပ်ငန်းစဉ် (၃)ရပ်ဖြင့်‌ ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / April 03, 2024
image_latest


တောင်ကြီး ဧပြီ ၂

ရှမ်းပြည်နယ် တောင်ကြီးမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် သည့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က အဂတိလိုက်စားမှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးနှင့် လူမှုရေးဆိုင်ရာအဖွဲ့အစည်းတန်ဖိုးများ၊ လိုက်နာစောင့်ထိန်းကျင့်သုံးရမည့် ကျင့်ဝတ်စာရိတ္တဆိုင်ရာဝတ္တရားများ၊ တရားမျှတမှုဆိုင်ရာတန်ဖိုးများကို ပျက်စီးစေလျက်ရှိပါကြောင်း၊ လူ့အဖွဲ့ အစည်းတစ်ရပ်လုံး၏ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးအပေါ် ဆိုးကျိုးသက်ရောက်စေသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် တစ်ဦးတစ်ယောက်မှစ၍ ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင်လာစေရန် အဂတိလိုက်စားမှုကိုလက်မခံသည့်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းတစ်ခု ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ ဆွေးနွေးပွဲပြုလုပ်ရခြင်း ဖြစ်ပါကြောင်း။

အမျိုးသားတာဝန်

အဂတိလိုက်စားမှုကို လာဘ်ပေးလာဘ်ယူမှုအဖြစ်သာ မှတ်ယူနေပါကြောင်း၊ အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူမှုထက် များစွာကျယ်ပြန့်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ကိုယ်ပိုင်အဖြစ်အသုံးပြုခြင်း၊ မလျော်ဩဇာသုံး၍ စီမံခန့်ခွဲခြင်း၊ ဆွေမျိုးကောင်းစားရေး၊ မိမိနှင့်နီးစပ် အဆင်ပြေသူကောင်းစားရေးအတွက် ကျင့်သုံးဆောင်ရွက်ခြင်းတို့အပြင် မလျော်ဩဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်းစသည့် အကြောင်းအရာဆောင် ရွက်ချက်များသည်လည်း အဂတိလိုက်စားမှုမြောက်သည့် အပြုအမူဆောင်ရွက်ချက်များဖြစ်ပါကြောင်း၊ အချုပ်အားဖြင့် အဂတိလိုက်စားမှုသည် မိမိကိုယ်ကျိုးစီးပွားအတွက် ကိုယ်ကျင့်တရားပျက်ယွင်းမှုမှစတင်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်းလုပ်ငန်းစဉ် (၃) ရပ်ဖြင့်‌ ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်းဖြင့် ကောင်းမွန်သောအုပ်ချုပ်မှု (Good Governance)၊ သန့်ရှင်းသောအစိုးရ (Clean Govern-ment) ဖြစ်ပေါ်ရေးအတွက် အမျိုးသားတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ရှင်းလင်းဆွေးနွေး

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးက အဂတိလိုက်စားမှုသဘော သဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည့်အချက်များကိုမေးမြန်းရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

အခမ်းအနားသို့ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်သည် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ (၁) တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့- CPU အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး CPU အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,