အင်အားပြင်းမန္တလေးငလျင်ကြီး ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးအစီအစဉ်များအတွက် ချေးငွေများလျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာချက်

အင်အားပြင်းမန္တလေးငလျင်ကြီး ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးအစီအစဉ်များအတွက် ချေးငွေများလျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာချက်


Ministry of Information/ Naypyitaw / October 18, 2025
image_latest


၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်‌နေ့တွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း‌ဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသများမှ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ နေအိမ်များ၊ စက်ရုံ အလုပ်ရုံများနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

ငလျင်ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများပြန်လည်ထူထောင်ရန် နိုင်ငံတော်မှ ထည့်ဝင်ပံ့ပိုးသော ရန်ပုံငွေဖြင့် (၃) နှစ်မှ (၅)နှစ်အထိ သက်တမ်းရှိသည့် ချေးငွေများအား သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ပါသည်-

• နေအိမ်နှင့် အဆောက်အဦ ပြန်လည်တည်ဆောက်ရေးချေးငွေ (အတိုးနှုန်း ၃ %)

• အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းများအတွက် လုပ်ငန်းလည်ပတ်ရင်းနှီးငွေ၊ စက်ပစ္စည်း၊ ရေ၊ မီး၊ ဆိုလာနှင့် ရင်းနှီးမြှုပ်နှံမှုချေးငွေ (အတိုးနှုန်း ၅ %)

• စက်ရုံလုပ်ငန်းကြီးများ ပြန်လည်ပြုပြင်ရေးနှင့် လည်ပတ်နိုင် ရေးချေးငွေ(အတိုးနှုန်း ၇ %)

• နိုင်ငံပိုင်အခြေခံအဆောက်အအုံများ တာဝန်ယူတည်ဆောက်နေသည့် ဆောက်လုပ်ရေးကုမ္ပဏီများ အတွက် ယာယီချေးငွေ (အတိုးနှုန်း ၇ %)

ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်မည့်ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအဖြစ် AYA Bank PCL ၊ uab Bank PCL ၊ CB Bank PCL ၊ ဧရာဝတီတောင်သူ လယ်သမားများဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံ သားများဘဏ်၊ ကမ္ဘောဇဘဏ်၊ မြဝတီဘဏ်၊ အင်းဝဘဏ်၊ Best Merchant Finance Co., Ltd နှင့် Zega Finance Co., Ltd တို့အား ချေးငွေဆိုင်ရာစံပြုလုပ်ငန်းစဉ် (SOP) နှင့်အညီ ရွေးချယ်ထားပါသည်။ (SOP အသေးစိတ်အချက်များကို CBM Website www.cbm.gov.mm တွင် ကြည့်ရှုနိုင်ပါသည်။)

ငလျင်ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများရှိ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအနေဖြင့် ချေးငွေအစီအစဉ်တွင် ပါဝင် ဆောင်ရွက်မည့် ဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများမှတစ်ဆင့် ချေးငွေများလျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

 (၁၇-၁၀-၂၀၂၅)