အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွေ့လာသည့် အကျဉ်းသားများကို ထောင်ဝန်ထမ်းများက အကြောင်းမဲ့ရိုက်နှက်ပြီး နေပူထဲတွင် ပုံစံထိုင်ခိုင်းပြီး နှိပ်စက်ညှဉ်းပန်းသည်ဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ

အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွေ့လာသည့် အကျဉ်းသားများကို ထောင်ဝန်ထမ်းများက အကြောင်းမဲ့ရိုက်နှက်ပြီး နေပူထဲတွင် ပုံစံထိုင်ခိုင်းပြီး နှိပ်စက်ညှဉ်းပန်းသည်ဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ


Ministry of Information/ Naypyitaw / August 12, 2024
image_latest


နေပြည်တော် ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ထောင်မှ ပဲးခူးတိုင်းဒေသကြီး၊ သာယာဝတီထောင်သို့ ပြောင်းရွှေ့လာသည့် အကျဉ်းသားများကို ထောင်ဝန်ထမ်းများက ဝါးလုံး၊ နံပါတ်တုတ်နှင့် မော်တာပူလီကြိုးများဖြင့် အကြောင်းမဲ့ရိုက်နှက်ပြီး နေပူထဲတွင် ပုံစံထိုင်ခိုင်းပြီး နှိပ်စက်ညှဉ်းပန်းသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သာယာဝတီထောင်ရှိ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မည်သည့်အကျဉ်းသားများကိုမှ အကြောင်းမဲ့ရိုက်နှက် နှိပ်စက်မှမရှိကြောင်း၊ ထုတ်ပြန်ထားသည့် စည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များအတိုင်းသာ ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါသတင်းသည် ပြည်သူများ အထင်အမြင်လွဲမှားစေရန် သွေးထိုးလှုံ့ဆော် ရေးသားထားသည့် သတင်းအမှားသာဖြစ်ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,