အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တို့ရှိ လမ်းခင်းခြင်းလုပ်ငန်းများ မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တို့ရှိ လမ်းခင်းခြင်းလုပ်ငန်းများ မြို့တော်ဝန် ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / January 30, 2024
image_latest


ရန်ကုန် ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အင်းစိန်မြို့နယ် မြို့သစ် (ခ) ရပ်ကွက် (၁၀) လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ် (၁) ရပ်ကွက်နှင့် (၂) ရပ်ကွက်အကြား စက်မှုဒေသလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် (၁၈) ရပ်ကွက် စက်မှုဒေသလမ်းရှိ ကွန်ကရစ်ဖျော်စက်ရုံဝင်းအတွင်း ကတ္တရာကွန်ကရစ် (AC) ထုတ်လုပ်ခြင်းနှင့် Ready Mixed Concrete ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် (၁၁) ရပ်ကွက် ရွှေကန်သာလမ်းနှင့် မြကန်သာလမ်းအကြား အောင်ဘောဂလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ဘုရင့်နောင်ပန်းခြံရှေ့ ရန်ကုန်-ပုသိမ်လမ်း လမ်းသားတိုးချဲ့ ဆောင်ရွက်နေမှုနှင့် ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်း လမ်းဆုံမီးပွိုင့်တွင် မြေယာရှုခင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများ စံချိန်စံညွှန်းကိုက်ညီစွာ ပြီးစီးအောင်ဆောင်ရွက်ရေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ဘက်စုံသုံး ကွပ်ကဲရေးရုံးတည် ဆောက်နေမှု၊ ရေဂါလန်နှစ်သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

သတင်းစဉ်

HOT NEWS
January 4,