အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား ကျောင်းသူများအတွက် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းများ ဖွင့်လှစ်
အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား ကျောင်းသူများအတွက် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းများ ဖွင့်လှစ်
Ministry of Information/ Naypyitaw / April 23, 2026
နေပြည်တော် ဧပြီ ၂၂
အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သား မိသားစုဝင် ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဗလငါးတန် ပြည့်ဝစေရေးတို့အတွက် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းများဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းသား သင်တန်း သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဖွင့်လှစ်သင်ကြား
အဆိုပါ အင်္ဂလိပ်စာသင်တန်းကို သင်တန်းသား သင်တန်းသူ ၂၆ ဦးဖြင့် လည်းကောင်း၊ ကွန်ပျူတာသင်တန်းကို သင်တန်းသား သင်တန်းသူ ၃၁ ဦးဖြင့်လည်းကောင်း၊ မြန်မာ့သိုင်းသင်တန်းကို သင်တန်းသား သင်တန်းသူ ၄၅ ဦးဖြင့် လည်းကောင်း မေလ ၁၅ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
