အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒထံမှ ဩဝါဒခံယူပွဲ ကျင်းပ

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒထံမှ ဩဝါဒခံယူပွဲ ကျင်းပ


Ministry of Information/ Naypyitaw / January 23, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၂၂

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒထံမှ Naypyitaw State Academy မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် Naypyitaw State Academy စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်က ဘာသာရေးဆိုင်ရာနှင့် အထွေထွေဗဟုသုတများကို ဟောပြောသည်။

ထို့နောက် ကျောင်းသား ကျောင်းသူများက သိလိုသည်များ မေးမြန်းလျှောက်ထားကြရာ ဆရာတော်က ပြန်လည်ရှင်းလင်းဖြေကြားပြီး Naypyitaw State Academy သို့ ဘာသာရပ်ဆိုင်ရာ စာအုပ်များ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်