အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာပထမနေ့တွင် သာသနာ့နွယ်ဝင် သီလရှင်အပါး ၁၀၀၀ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်း

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာပထမနေ့တွင် သာသနာ့နွယ်ဝင် သီလရှင်အပါး ၁၀၀၀ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်း


Ministry of Information/ Naypyitaw / March 12, 2025
image_latest


နေပြည်တော် မတ် ၁၁

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာပထမနေ့တွင် သာသနာ့နွယ်ဝင် သီလရှင်အပါး ၁၀၀၀ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက စစ်ကိုင်းတောင်ရိုးရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၌ကျင်းပသည်။

ဦးစွာ စစ်ကိုင်းတောင်ရိုးတွင် ဝိပဿနာတရားများ ပွားများအားထုတ်လျက်ရှိကြသည့် သာသနာ့နွယ်ဝင်သီလရှင် ဆရာကြီးဆရာလေးများက ကျောင်းတိုက်များအလိုက် စနစ်တကျစီတန်း၍ အလှူခံကြွကြရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းမြို့ရှိ ဌာနဆိုင်ရာ များ၊ ပြည်တွင်း/ပြည်ပမှ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်လောင်းလှူကြသည်။ ထို့နောက် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် အလှူခံကြွရောက်လာကြသည့် ဆရာကြီးဆရာလေးများက ကောင်းမှုကုသိုလ်များအတွက် မေတ္တာပို့အမျှပေးဝေကြသည်။

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စစ်ကိုင်းမြို့ရှိ ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပမှ စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော်အိတ် ၁၀၀၀၊ ဆီပိဿာ ၂၀၀၀၊ ပဲတစ်ပြည်ဝင်အိတ် ၁၀၀၀ နှင့် လှူဖွယ်ပစ္စည်းများအား စစ်ကိုင်းတောင်ရိုးရှိ သီလရှင်စာသင်တိုက်များမှ သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး ဆရာလေးများကို လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,