အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာ ဒုတိယနေ့တွင် ဆရာတော်/သံယာတော်အပါး(၁ဝဝဝ)အတွက် ဆွမ်းဆန်တော်၊ ဆီ ၊ ပဲ ၊ ဆေး၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း
အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာ ဒုတိယနေ့တွင် ဆရာတော်/သံယာတော်အပါး(၁ဝဝဝ)အတွက် ဆွမ်းဆန်တော်၊ ဆီ ၊ ပဲ ၊ ဆေး၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း
Ministry of Information/ Naypyitaw / March 12, 2025

နေပြည်တော် မတ် ၁၂
အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာ ဒုတိယနေ့တွင် ဆရာတော်/သံယာတော် အပါး(၁၀၀၀)အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ ၊ ဆေး၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီအချိန်က စစ်ကိုင်းတောင်ရိုးရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၌ ကျင်းပသည်။
ဦးစွာ စစ်ကိုင်းတောင်ရိုးတွင် ပရိယတ္တိ၊ ပဋိပတ္တိတရားများ ပွားများအားထုတ်လျက်ရှိကြသည့် စာသင်တိုက်များမှ ဆရာတော်/သံယာတော်များ၊ သီတဂူဗုဒ္ဓတက္ကသိုလ်များမှ ဆရာတော်/သံဃာတော်များက စနစ်တကျစီတန်း၍ အလှူခံကြွကြရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ စစ်ကိုင်းမြို့ရှိဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပမှ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်လောင်းလှူကြသည်။ ထို့နောက် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် စေတနာရှင်အလှူရှင်များက ကောင်းမှုကုသိုလ်များအတွက် မေတ္တာပို့အမျှပေးဝေကြပြီး အလှူအောင်ပွဲအထိမ်းအမှတ် မိုးပျံပူပေါင်းများ လွှတ်တင်ကြသည်။
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်တွင် စစ်ကိုင်းတောင်ရိုးမှ ဆရာတော်/သံဃာတော်များ၊ သီတဂူဗုဒ္ဓတက္ကသိုလ်များမှ ဆရာတော်/သံယာတော်များကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စစ်ကိုင်းမြို့ရှိ ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပမှ စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော်(၁၀၀၀)အိတ်၊ ဆီ(၂၀၀၀)ပိဿာ၊ ပဲတစ်ပြည်ဝင်အိတ်(၁၀၀၀)အိတ်၊ သင်္ကန်း(၁၀၀၀)စုံနှင့် လှူဖွယ်ပစ္စည်းတို့အား လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။
