အမျိုးသမီးကလေးများသင်တန်းကျောင်း (ထောက်ကြန့်) အား ကြည့်ရှုစစ်ဆေးခြင်း
အမျိုးသမီးကလေးများသင်တန်းကျောင်း (ထောက်ကြန့်) အား ကြည့်ရှုစစ်ဆေးခြင်း
Myanmar National Human Rights Commission/ Yangon / September 20, 2023
၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဒေါက်တာ မြင့်သူမြိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၀-၉-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း (ထောက်ကြန့်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဥ် သင်တန်းကျောင်းတွင် အမျိုးသမီးငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ အစားအစာ ကျွေးမွေးမှုအခြေအနေ၊ အိပ်ဆောင်များ ထားရှိမှုအခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိမှု အခြေအနေ၊ သန့်ရှင်းသော သောက်သုံးရေ ရရှိအောင် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လေ့ကျင့်ပြုစုစောင့်ရှောက်ပေးမှု အခြေအနေနှင့် ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်စသည့် အခြေခံ လူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၃။ ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ အမျိုးသမီးကလေးများသင်တန်းကျောင်းအား ကြည့်ရှု စစ်ဆေးရေးခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ပေးပို့သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်