အမျိုးသမီးစုံတွဲများကို ညစ်ညမ်းဗီဒီယိုရိုက်ကူးပြီး Live လွှင့်ကာ ရရှိသည့်အကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်
အမျိုးသမီးစုံတွဲများကို ညစ်ညမ်းဗီဒီယိုရိုက်ကူးပြီး Live လွှင့်ကာ ရရှိသည့်အကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်
Ministry of Information/ Naypyitaw / May 23, 2025

နေပြည်တော် မေ ၂၂
အမျိုးသမီးစုံတွဲများကို ညစ်ညမ်းဗီဒီယိုရိုက်ကူးပြီး Live လွှင့်ကာ ရရှိသည့်အကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ် ၃၀ စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အပြင်ပဒံကျေးရွာ ရွှေကမ်းသာယာအိမ်ရာ Block 84၊ တိုက်အမှတ်(၅)တွင် တရုတ်နိုင်ငံသားများဖြစ်ကြသည့် Mr. Wang Shaohua (၃၉ နှစ်)၊ (ဘ)ဦးဝမ်းရှင်းဖား ယူနန်ပြည်နယ် တရုတ်နိုင်ငံ၊ Mr. Yung Kun (၃၇ နှစ်)၊ (ဘ)ဦးရန်ပေါင်စွင့် တာ့လျန်ပြည်နယ် တရုတ်နိုင်ငံ၊ Mr. Zeng Yuan (၂၉ နှစ်)၊ (ဘ)ဦးကျင်းယုံကောင်း စီချွမ်ပြည်နယ် တရုတ်နိုင်ငံနှင့် အဲလစ်စစ်(ခ)နော်မူးရှီးဖော(ခ)ကျဲကျဲ(မ) (၃၂ နှစ်)၊ (ဘ)ဦးစောလားချရှီး ငပုတောမြို့နယ် ဧရာဝတီတိုင်းဒေသကြီးနေသူတို့က မြန်မာအမျိုးသမီးစုံတွဲလေးတွဲတို့ကို Sex Video ရိုက်ကူး၍ Live လွှင့်ကာ ရရှိသည့်အကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်း(ပ)၈၇၆/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)(ခ)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့သည်။
အင်းစိန်ခရိုင်တရားရုံးမှ စစ်ဆေးခဲ့ပြီး ၂၀၂၅ ခုနှစ် မေ ၂၀ ရက် တွင် တရားခံ Mr. Wang Shaohua ၊ Mr. Yung Kun ၊ Mr. Zeng Yuan နှင့် အဲလစ်စစ်(ခ) နော်မူးရှီးဖော(ခ)ကျဲကျဲ(မ)တို့ လေးဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ စီနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ၃၈(ခ) အရအလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ သူသူရှိန်(မ)ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်