အမျိုးသမီးတစ်ဦးအား တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်
အမျိုးသမီးတစ်ဦးအား တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်
Ministry of Information/ Naypyitaw / June 07, 2025

နေပြည်တော် ဇွန် ၆
အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ကိုကိုနိုင် (၄) လမ်း ကံ့ကော်မြိုင်ရပ်ကွက် မြောင်းမြမြို့ ဧရာဝတီတိုင်းဒေသကြီးနေသူက ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်နေ မ---/၂၀/၂၀၂၅ နှစ်အား စီးပွားရေးအဆင်မပြေပါက တရုတ်ယောက်ျားယူရမည်၊ ငွေကျပ်သိန်း ၅၀ ရမည်၊ တစ်နှစ်ပေါင်းသင်းရမည်ဟု ပြောဆိုစည်းရုံး၍ ကြိုတင်ငွေကျပ်ခြောက်သိန်းပေးခဲ့ပြီး မြောင်းမြ-ရန်ကုန်-မူဆယ်သို့ ခရီးသည်တင်ယာဉ်ဖြင့် အဆင့်ဆင့် ခေါ်ဆောင်သွားခဲ့ကာ ပွဲစားတစ်ဦးနှင့် ချိတ်ဆက်ပေးခဲ့သည်။
အဆိုပါ ပွဲစားက ၎င်းအား တရုတ်နိုင်ငံ ရွှေလီမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး တရုတ်အမျိုးသားချန်ရှောက်ထောင်ထံ ပို့ဆောင်ပေးခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ် အမှတ် (၈) မြို့မရဲစခန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ-၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့သည်။
မဟာအောင်မြေ ခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ် ဇွန် ၄ ရက်တွင် တရားခံတရုတ်နိုင်ငံသား ချန်ရှောက်ထောင် (CHEN XIAO YAO) အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ကိုကိုနိုင်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ ထုတ်ဆင့် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်