အမျိုးသမီးများအား တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်


Ministry of Information/ Naypyitaw / May 29, 2024
image_latest


နေပြည်တော် မေ ၂၈

အမျိုးသမီးများအား တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်(၁၅)နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ငွေကြေးအကျိုးအမြတ်ရယူ

ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်နေ ကျကော၊ ၄၂ နှစ်၊ (ဘ)ဦးပါအဲ က တစ်မြို့နယ်တည်းနေ မ----၊ ၁၇/၂၃ နှစ်၊ မ----၊ ၁၇/၂၃ နှစ်၊ မ----၊ ၁၆/၂၃ နှစ်နှင့် မ----၊ ၁၇/၂၃ နှစ်တို့ကို မိုင်းပေါက်မြို့ရှိ ထမင်းဆိုင်တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ယွမ် ၂၀၀၀ ရရှိမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ တရုတ်မယား အဖြစ်ပို့ဆောင်ရောင်းစား၍ ငွေကြေးအကျိုးအမြတ်ရယူခဲ့သဖြင့် မိုင်းပျဉ်းမြို့မရဲစခန်း(ပ)၇/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ-၃၅/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ကျိုင်းတုံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မေ ၂၇ ရက်တွင် တရားခံကျကောအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ -၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၅)နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်