အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေး(၂/၂၀၂၃)ကျင်းပ

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေး(၂/၂၀၂၃)ကျင်းပ


Ministry of Hotel & Tourism/ နေပြည်တော် / December 08, 2023


နေပြည်တော် ဒီဇင်ဘာ ၆ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာ စကားပြောကြားသည်။ တက်ရောက် အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဗဟိုကော်မတီ အကြံပေးပုဂ္ဂိုလ်၊ ဒုတိယဝန်ကြီးများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ခရီးသွားလုပ်ငန်း ကဏ္ဍသည် ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း များ၊ ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်လုပ်ငန်းများ၊ စားသောက်ဆိုင်နှင့် ဖျော်ဖြေရေးလုပ်ငန်းများ၊ အမှတ်တရပစ္စည်း ရောင်းချသည့်လုပ်ငန်းများစသည်ဖြင့် ကဏ္ဍစုံ၊ နယ်ပယ်စုံဖွဲ့စည်းထားသည့် စီးပွားရေး လုပ်ငန်း နယ်ပယ်တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရီးသွားလုပ်ငန်းကို ကမ္ဘာ့အကြီးဆုံးနှင့် အဆက်မပြတ် အလျင်အမြန် ဖွံ့ဖြိုးနေသည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားပါကြောင်း။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများ ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဆက်စပ်စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းကို မှီခိုရပ်တည်နေရသည့် အများပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း များလည်း များစွာထိခိုက်ဆုံးရှုံးစေခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကပ် ရောဂါဖြစ်ပွားမှု လျော့နည်းလာခြင်းနှင့်အတူ ကမ္ဘာ့နိုင်ငံအများစုသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှု မောင်းနှင်အားကို အထောက်အကူပြုစေရန် ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ကာလ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။ တိုးတက်ဝင်ရောက် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ ပြည်တွင်းခရီးသွားလုပ်ငန်းများ စတင်တိုးတက် လာသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်ကစပြီး နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်စတင်ပြေးဆွဲခွင့်ပြုခဲ့ကာ ကမ္ဘာလှည့် e-Visa ကို မေ ၂၀ ရက်တွင် ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ဧည့်သည် ၂ ဒသမ ၃ သိန်းကျော် ပြန်လည်ဝင်ရောက်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်ထက် ဧည့်သည်ဝင်ရောက်မှု ၄၃ ရာခိုင်နှုန်း တိုးတက်ဝင်ရောက်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှု တစ်သန်းကျော် ဝင်ရောက်ခဲ့ခြင်း ကြောင့် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၇၁ ရာခိုင်နှုန်း တိုးတက်ဝင်ရောက်ခဲ့ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက နည်းပါးနေသည့်အတွက် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ ပိုမိုရောက်ရှိရေး အစိုးရ၊ ပုဂ္ဂလိက၊ ဒေသခံပြည်သူများအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်ကြရာတွင် လွယ်ကူအဆင်ပြေစေရန်နှင့် မလိုလားအပ်သည့် အဟန့်အတားများ၊ ကြန့်ကြာမှုများအား အတတ်နိုင်ဆုံး ဖြေလျှော့ပေးရမည်ဖြစ်ပါ ကြောင်း၊ ထို့ပြင် ပုဂ္ဂလိကခရီးသွား လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ဦးတည်ဈေးကွက်နိုင်ငံများနှင့် ချိတ်ဆက်ပြီး ဈေးကွက်ရှာဖွေ မြှင့်တင်ရေး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ခရီးသွားပြပွဲများတွင် ပါဝင်ပြသခြင်း၊ ရင်းနှီးကျွမ်းဝင်မှုခရီးစဉ် (Familiari-zation Trip – FAM Trip) များ ခေါ်ယူခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရှိသည့် ထူးခြားသည့် ရာသီပွဲတော်များ ရှာဖွေဖော်ထုတ် မြှင့်တင်ခြင်း၊ ပြည်တွင်းပြည်ပမီဒီယာများဖြင့် ရိုက်ကူးလွှင့်တင်ခြင်း၊ Event Calendar များနှင့်ပတ်သက်သော Information များကို ခရီးသွားများသိရှိအောင် ကြော်ငြာခြင်း၊ ပြည်ပခရီးသွားများ အတွက် သာမက ပြည်တွင်းရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်းခရီးသွားဧည့်သည်အများအပြား လည်ပတ် ရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ရေးအပြင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတို့အတွက် ယနေ့ တက်ရောက်လာကြသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့များအားလုံး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ခရီးစဉ်အသစ် ဖော်ထုတ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသည့် ခရီးသွားလုပ်ငန်းကို ရေရှည်တည်တံ့ဖွံ့ဖြိုးစေရေး၊ ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ်မြှင့်တင်ကာ တစ်နှစ်ပတ်လုံး လည်ပတ်နိုင်သော ခရီးစဉ်ဒေသဖြစ်စေရေးနှင့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှေ့ဆက်ဆောင်ရွက်သည့်အခါတွင် ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များ၊ ခရီးသွားလုပ်ငန်း ဆက်စပ်အဖွဲ့အစည်းအားလုံးနှင့် တာဝန်ရှိပုဂ္ဂိုလ်များအားလုံး တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ခရီးသွားလုပ်ငန်းဆိုင်ရာ များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။ ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဗဟိုကော်မတီ(၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင် အထည်ဖော်ပြီးစီးမှု အခြေအနေ၊ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ အစားထိုး ပြင်ဆင်ဖွဲ့စည်းမှု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ (၆)ခုတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ အစားထိုးပြင်ဆင်ဖွဲ့စည်းမှု၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ များ၏ အစီအစဉ်ဖြင့် ပြည်တွင်းဘုရားဖူး ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ထုတ်ပေး နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ (SOP)ကို ရေးဆွဲပြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီများသို့ ပေးပို့ဆောင်ရွက်ခဲ့မှု၊ ကန့်သတ်နယ်မြေ မဟုတ်သော ခရီးစဉ်ဒေသများတွင် ခရီးသည် များ သွားရောက်လည်ပတ်လျက်ရှိသော ခရီးစဉ်ဒေသများ သတ်မှတ်နိုင်ရေးနှင့် ၎င်းခရီးစဉ်များတွင် ခရီးသည်များ လုံခြုံစိတ်ချမှုရှိပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ဒေသကိုအခြေခံသည့် လုံခြုံရေးဆောင်ရွက်ပေးနိုင်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှု လုပ်ငန်းအမျိုးအစား (၆)မျိုးကို SOP ရေးဆွဲ၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ခွင့်ပြုနိုင်ရေး အခြေအနေတို့ကို ဖတ်ကြား တင်ပြပြီး အတည်ပြုချက်ရယူသည်။ ပေါင်းစပ်ညှိနှိုင်း ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ဗဟိုကော်မတီ အကြံပေးပုဂ္ဂိုလ်၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။ ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ သတင်းစဉ် Source From: MOI  Website