အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး (၁/၂၀၂၃)နှင့် စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၂/၂၀၂၃) အစည်းအဝေးကျင်းပ
အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး (၁/၂၀၂၃)နှင့် စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၂/၂၀၂၃) အစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / December 02, 2023

နေပြည်တော် ဒီဇင်ဘာ ၁
အမျိုးသား စံချိန်စံညွှန်းကောင်စီအစည်းအဝေး (၁/၂၀၂၃)နှင့် စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၂/၂၀၂၃) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က နိုင်ငံတော်အတွက် အရည်အသွေးရှိ အခြေခံအဆောက်အအုံ၊ National Quality Infrastructure တည်ဆောက်ရန်လိုအပ်သည့် စံချိန်စံညွှန်းများပေါ်ထွက် ပြဋ္ဌာန်းသတ်မှတ်နိုင်ရေး ဆောင်ရွက်ရန်ပြောကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်က အမျိုးသားအဆင့် စံချိန်စံညွှန်းနှင့်အရည် အသွေးဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရွက်မှုများ၊ အမျိုးသား စံချိန်စံညွှန်းကောင်စီ အစည်းအဝေးသို့ ဆက်လက်တင်ပြ အတည် ပြုချက်ရယူမည့် လုပ်ငန်းစဉ်များ ဆွေးနွေးတင်ပြခြင်းနှင့် သက် ဆိုင်ရာ နည်းပညာဆပ်ကော်မတီများအလိုက် အဆိုပြုတင်ပြထားသည့် စံချိန်စံညွှန်းများ၊ ရေးဆွဲလျက်ရှိသော မြန်မာစံချိန်စံညွှန်း မူကြမ်းများနှင့် အများပြည်သူ သဘောထားမှတ်ချက်များ ရယူဆောင်ရွက်ခဲ့ပြီးသော မြန်မာစံချိန် စံညွှန်းမူကြမ်းအကျဉ်းချုပ်များကိုရှင်းလင်းတင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီ အစည်းအဝေးကို ဆက်လက်ကျင်းပရာ အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး(၂/၂၀၂၂)၏ အတည် ပြုဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများ တင်ပြခြင်း၊ စံချိန်စံညွှန်းလုပ်ငန်း ကော်မတီမှတင်ပြလာသည့် အများပြည်သူ သဘောထားမှတ်ချက် ရယူပြီးသော စံချိန်စံညွှန်းမူကြမ်း ၆၃ ခုကို မြန်မာစံချိန်စံညွှန်းများ အဖြစ်အတည်ပြုချမှတ်နိုင်ရေး၊ ရွှေအရည်အသွေးနှင့် အလေးချိန် အတိုင်းအတာဆိုင်ရာ စံချိန်စံညွှန်းများ ရေးဆွဲနိုင်ရေးအတွက် ရွှေစံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီကိုအတည်ပြု ဖွဲ့စည်းနိုင်ရေး၊ နိုင်ငံတကာအသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများ၊ အမျိုးသား အဆင့်အရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ (National Certification Body)၏ ဆောင် ရွက်မည့်လုပ်ငန်းစဉ်များ၊ နိုင်ငံအတွင်းရှိ ပြည်တွင်း/ပြည်ပ အရည်အသွေး ကိုက်ညီမှုစစ်ဆေးရေးအဖွဲ့များအား Registration နှင့် Designation ပြုလုပ်နိုင်ရေး လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ အမျိုးသားစံချိန် စံညွှန်းကောင်စီဝင်များဖြစ်ကြသော သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ စံချိန်စံညွှန်းလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ UMFCCI မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန် ထုတ်လုပ် သူများအသင်း၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်း ချသူများ အသင်းတို့မှ ကိုယ်စားလှယ်များက အတည်ပြုဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
ကျင်းပခြင်းဖြစ်
အဆိုပါ အစည်းအဝေးကို အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများ၊ ဒေသဆိုင်ရာစံချိန်စံညွှန်းများနှင့်အညီ မြန်မာစံချိန်စံညွှန်းများသတ်မှတ်နိုင်ရေး၊ နိုင်ငံတကာ အသိအမှတ်ပြုလွှာနှင့် အမျိုးသားအဆင့် အရည်အသွေးထောက်ခံချက်များ ထုတ်ပေးခြင်းဆိုင်ရာ မူဝါဒများချမှတ်နိုင်ရေး၊ ထုတ်လုပ်သူများနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စက်ရုံအလုပ်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေးနှင့်ကုန်သွယ် မှုလွယ်ကူချော မွေ့စေရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်းသိရ သည်။
သတင်းစဉ်