အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာနဖွင့်လှစ်

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာနဖွင့်လှစ်


Ministry of Information/ Naypyitaw / November 18, 2023
image_latest


ရန်ကုန် နိုဝင်ဘာ ၁၇

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) စွယ်တော်ဆောင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့မှ ပါမောက္ခဌာနမှူးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖိတ်ကြားထားသူ များ၊ရှေးဟောင်းသုတေသန ပညာရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်တို့က ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှု ပညာဌာနကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာနနှင့် စာသင်ခန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲ မှုပညာဌာန ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က ပညာဌာန ဖွင့်လှစ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တွင် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်အထူးပြု ဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ်မည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှု ပညာဘာသာရပ်ကို စတင်ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ပြီးတက္ကသိုလ်ဝင်တန်းအောင်ပြီးသူ မည်သူမဆို တက်ရောက်နိုင်ကြောင်းနှင့် ဝိဇ္ဇာဘွဲ့ (ယဉ်ကျေးမှုအမွေနှစ်စီမံခန့်ခွဲမှု) ကိုလည်း ချီးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,