အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ကွန်ပျူတာသင်တန်း ဖွင့်လှစ်
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ကွန်ပျူတာသင်တန်း ဖွင့်လှစ်
Ministry of Information/ Naypyitaw / March 12, 2024

နေပြည်တော် မတ် ၁၁
ကျောင်းသား ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချ၍ အသိပညာဗဟုသုတတိုးပွားပြီး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား စနစ်တကျကိုင်တွယ် အသုံးပြုတတ်စေရန်နှင့် ကွန်ပျူတာနည်းပညာများအား အခြေခံတတ်ကျွမ်းနားလည်စေရန် ရည်ရွယ်၍ ကွန်ပျူတာသင်တန်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ ဖွင့်လှစ်ခဲ့ရာတိုင်းမှူးဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌လည်း တပ်မတော်သားမိသားစုဝင် ကျောင်းသား ကျောင်းသူများအား အဆိုပါသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်