အလင်္ကာကျော်စွာစည်သူ တက္ကသိုလ်မြတ်သူ မိသားစုက အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ စာပေပစ္စည်းများနှင့် အမှတ်တရပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
အလင်္ကာကျော်စွာစည်သူ တက္ကသိုလ်မြတ်သူ မိသားစုက အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ စာပေပစ္စည်းများနှင့် အမှတ်တရပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန/ naypyitaw / November 25, 2022

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ အများပြည်သူဖတ်ရှုလေ့လာနိုင်ရန်နှင့် ထိန်းသိမ်းထားရှိရန်တို့အတွက် အလင်္ကာကျော်စွာစည်သူ တက္ကသိုလ်မြတ်သူမိသားစုက စာပေ ပစ္စည်းများနှင့်အမှတ်တရပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်(၀၉:၀၀) နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားရှိသည့် ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအေးထွန်း၊ ဒေါက်တာမိုးဇော်ထွန်း၊ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဖိတ်ကြားထား သောဧည့်သည်တော်များ၊ စာပေပညာရှင်များ၊ အလင်္ကာ ကျော်စွာစည်သူ တက္ကသိုလ်မြတ်သူနှင့် မိသားစုဝင်များ၊ ပျဉ်းမနားမြို့နယ်စာရေးဆရာအသင်းမှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကားပြောကြားရာ၌ အလင်္ကာကျော်စွာ စည်သူ တက္ကသိုလ်မြတ်သူသည် ကဗျာ၊ ဝတ္ထုစသည့် ရသစာပေများ၊ သတင်းစာ ပညာ၊ သတင်းအချက်အလက်၊ ဂီတ၊ နိုင်ငံရေး၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဘာသာရေး၊ မြန်မာစာပေ၊ ဥပဒေ၊ လူ့အခွင့်အရေး၊ မြန်မာနိုင်ငံသမိုင်း၊ ကမ္ဘာ့သမိုင်း၊ ရွေးကောက်ပွဲနှင့် အတ္ထုပ္ပတ္တိစသည့် စာအုပ်များစွာကို ပညာရပ်စုံလင်စွာ ရေးသားခဲ့ပြီး မကြာသေးမီကာလက ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကို ရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါကြောင်း၊ အလင်္ကာကျော်စွာစည်သူ တက္ကသိုလ်မြတ်သူက ကိုယ်တိုင်ရေးသားခဲ့သည့် စာအုပ်များနှင့် ဖတ်ရှုလေ့လာစုဆောင်းခဲ့သည့် စာအုပ်စာပေများ၊ စာနယ်ဇင်းများ၊ ရရှိခဲ့သည့် ဂုဏ်ပြုမှတ်တမ်းများ၊ ဆုတံဆိပ်များ၊ ရင်ထိုးတံဆိပ်များ၊ တီးခတ်ခဲ့သည့် တူရိယာပစ္စည်းများ၊ စုဆောင်းခဲ့သည့် ဓာတ်ပြားများ၊ စီဒီများနှင့် မှတ်တမ်းဝင် ဓာတ်ပုံများကို အမျိုးသားစာကြည့်တိုက်သို့ လှူဒါန်းလိုကြောင်း
၂
ဆက်သွယ်လာခဲ့သဖြင့် ဌာနမှ တာဝန်ရှိသူများအား စနစ်တကျလက်ခံ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ လှူဒါန်းခဲ့ သည့် စာပေပစ္စည်းများနှင့် အမှတ်တရပစ္စည်းများကို အသေးစိတ်စာရင်းပြုစုခြင်း လုပ်ငန်းမှစ၍ စင်တင်ခင်းကျင်းခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြပြီး "အလင်္ကာကျော်စွာစည်သူ တက္ကသိုလ်မြတ်သူစာစုခန်း" အဖြစ် ခင်းကျင်းထားရှိ ပါကြောင်း၊ အလင်္ကာကျော်စွာစည်သူ တက္ကသိုလ်မြတ်သူ စုဆောင်းထားရှိသည့် စာအုပ်စာပေများ မှာ အကြောင်းအရာ၊ ပညာရပ်များ စုံလင်သည်ကို တွေ့ရှိရပြီး သိမ်းဆည်းထားသည့် အမှတ်တရ ပစ္စည်းများနှင့် တူရိယာပစ္စည်းများ သည်လည်း ယနေ့ခေတ်တွင် အလွယ်တကူ ရှာဖွေ၍ မရနိုင်သည့် ရှားပါးတန်ဖိုးရှိပစ္စည်းများ ဖြစ်သည့်အတွက် နောင်လာနောက်သားများ တွေ့မြင်လေ့လာခွင့်ရရှိပြီး အသိပညာဗဟုသုတ တိုးပွားစေနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အလင်္ကာ ကျော်စွာစည်သူ တက္ကသိုလ်မြတ်သူက အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ စာပေ ပစ္စည်းများနှင့် အမှတ်တရပစ္စည်းများ လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အလင်္ကာကျော်စွာစည်သူ တက္ကသိုလ်မြတ်သူအား စာပေပစ္စည်းများနှင့် အမှတ်တရပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပြီး၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဌေးဌေးဆွေက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားတက်ရောက် လာသူများက အလင်္ကာကျော်စွာစည်သူ တက္ကသိုလ်မြတ်သူစာစုခန်း ခင်းကျင်းထားရှိမှုများအား လှည့်လည်ကြည့်ရှုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။