အလယ်အလတ်အဆင့်/ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၁၀၂ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

အလယ်အလတ်အဆင့်/ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၁၀၂ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / November 21, 2024


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးစာရင်း စစ်ချုပ်ရုံးတို့တွင် ဖွင့်လှစ်သည့်အလယ်အလတ် အဆင့်/အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၁၀၂ သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက သင်တန်းတွင် အစိုးရဌာန၊ အဖွဲ့အစည်းများမှဝန်ထမ်းများအတွက် လုပ်တွေ့လုပ်ငန်းခွင်တွင် အသုံးဝင်ပြီး လုပ်ငန်းဆိုင်ရာသိသင့်သိထိုက်သည်များကို ‌သင်ကြားပို့ချပေးခဲ့သဖြင့် ဝန်ထမ်းရေးရာ၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့် ဝန်ထမ်းဆိုင်ရာများကို ပိုမိုသိရှိနားလည်စေခြင်း၊ ပြည်သူ့ဘဏ္ဍာငွေကြေးကိုင်တွယ်သုံးစွဲစီမံရာတွင် စနစ်တကျ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်တတ်စေခြင်း၊ စာရင်းပြုစုနည်းလမ်းများကို တိကျမှန်ကန်စွာဖြင့် အမှားအယွင်းကင်းစွာဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မိမိ ကိုယ်တိုင်နှင့် ဌာန၊ အဖွဲ့အစည်းနှင့် နိုင်ငံအတွက်လည်း အကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ သင်တန်းသားများအနေဖြင့် လေ့လာသင်ယူခဲ့မှုများကို စဉ်ဆက်မပြတ် ကိုယ်တိုင်(Self-Study)ဆက်လက်ဆည်းပူးသွားကြရန် မှာကြားလိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများစောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်သိက္ခာ၊ စည်းကမ်းများ လိုက်နာ၍ မိမိတို့ သင်ယူလေ့လာခဲ့    သည့် ပညာရပ်များဖြင့် နိုင်ငံနှင့်ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့်ဝန်ထမ်းကောင်းများဖြစ်ကြပါစေကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဉီးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် ဝန်ကြီး ဌာနအသီးသီးမှ ဝန်ထမ်းစုစုပေါင်း (၃၂၃) ဦး၊ ပြည်ထောင်စုစာရင်းချုပ်ရုံး၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး တွင်လည်း ဌာနဆိုင်ရာဝန်ထမ်း (၁၄၄) ဦး၊ စုစုပေါင်း (၄၆၇) ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းကထိကများ၊ သင်တန်းသားများ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများ၊ သင်တန်း သားများက Online ဖြင့် တက်ရောက်ခဲ့ကြသည်။

HOT NEWS
January 4,