အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအောက်ရှိ အထောက်အကူပြုအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်း

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအောက်ရှိ အထောက်အကူပြုအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်း


Ministry of Information/ ​နေပြည်တော် / February 21, 2020
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၀

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီအောက်ရှိ အထောက်အကူပြုအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ထူးက MSME များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရ သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ လုပ်ငန်းစတင် ထူထောင်မည့် MSME များကိုလည်း ပံ့ပိုးကူညီပေးရမည် ဖြစ်ကြောင်း၊ MSME များအနေဖြင့် သီးခြားရပ်တည်၍ မနေဘဲ သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်လိုကြောင်း၊ သို့မှသာ မိမိ တို့ လုပ်ငန်းများတွင် လိုအပ်သောနည်းပညာ၊ ငွေကြေး အရင်းအနှီး၊ ဈေးကွက်များကိုလွယ်လင့်တကူ ရရှိမည် ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် National Export Strategy ကို ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်ထိ ရေးဆွဲလျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း Myanmar International Trade Center ဖွင့်လှစ်ထားရှိသဖြင့် MSME ထုတ်ကုန်များကို လာရောက်ခင်းကျင်းပြသရောင်းချနိုင် ပါကြောင်း၊ အဆိုပါ Center တွင် ကုန်စည်ပြပွဲများ၊ Workshop များလည်း ကျင်းပလျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် Informal Sector များကို Formal Sector သို့ ကူးပြောင်းနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ MSME များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အားလုံးအကျုံးဝင်သော မှတ်ပုံတင်ပြုလုပ်ထားရမည် ဖြစ်ကြောင်း၊ ထို့ပြင် E-commerce ကဏ္ဍ ဖွံ့ဖြိုးတိုးတက် မှသာ မိမိထုတ်ကုန်ပစ္စည်းများကို Online နှင့် ချိတ်ဆက် ပြီး ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများ အနေဖြင့် MSME များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်ပွင့် လင်းလင်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရေးဥက္ကဋ္ဌ ဦးခင်မောင်ကျော်၊ ရန်ပုံငွေစီမံ ခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်တို့က လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံတို့ကို ဆွေးနွေး ပြောကြားပြီး တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီး ဌာန/အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များက ကဏ္ဍ တစ်ခုချင်းစီအလိုက် အသေးစိတ် တင်ပြဆွေးနွေးသည်။

ထို့နောက် အေဂျင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်