အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံအထက်ပိုင်း ခရီးသွားမြှင့်တင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံအထက်ပိုင်း ခရီးသွားမြှင့်တင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံ


Ministry of Hotel & Tourism/ နေပြည်တော် / October 03, 2025


နေပြည်တော်၊ အောက်တိုဘာလ (၂) ရက်

          မြန်မာနိုင်ငံအထက်ပိုင်းခရီးသွားလုပ်ငန်းများမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသောလုပ်ငန်းများမှ  လုပ်ငန်း လုပ်ကိုင်နေသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ Hotel Hazel အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ နှင့်အညီ အမျိူးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်၍ ခရီးသွားလုပ်ငန်းကော်မတီနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီများကို ဆက်လက် ဖွဲ့စည်းကာ ခရီးသွားလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ခရီးစဉ် ဒေသများအလိုက် ခရီးသွားဆွဲဆောင်ရာနေရာများကို ရေရှည်တည်တံ့အောင် ထိန်းသိမ်း ခြင်း၊ ခရီးစဉ်နေရာအသစ်ဖော်ထုတ်ခြင်းများဆောင်ရွက်၍ ခရီးစဉ်အသစ်များ ရေးဆွဲ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ခရီးစဉ်ဒေသအချင်းချင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် များအကြား ချိတ်ဆက်၍ ခရီးစဉ်လမ်းကြောင်းအသစ်များ ဖော်ထုတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊  မိမိတို့ဒေသရှိ ခရီးစဉ်ဆွဲဆောင်ရာနေရာများနှင့် ပတ်သက်သည့် သတင်း

အချက်အလက်များကို ခရီးသွားများသိရှိစေရေး ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ဝန်ဆောင်‌မှုကောင်းများပေးနိုင်ရန် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် သွားရမည်ဖြစ်ပြီး  လိုအပ်သည့်ဝန်ဆောင်မှုသင်တန်းများကို ဌာနနှင့်အသင်းအဖွဲ့များ ပူးပေါင်း၍ ဖွင့်လှစ်ကြရရန်နှင့် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊  လက်ရှိလုပ်ငန်း လုပ်ကိုင်ရာတွင်  ကြုံတွေ့ရသည့် အခက်အခဲများ ဆောင်ရွက်ပေးရန် အချက်များရှိပါက ပွင့်ပွင့်လင်းလင်းဆွေးနွေး စေလို ပါကြောင်း၊ လက်ရှိမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေ၊ နည်းဥပဒေ ၊ အမိန့် ၊ ညွှန်ကြားချက် များတွင် ပြင်ဆင်သင့်သည့်၊ ဖြည့်စွက်သင့်သည့် အချက်များရှိပါကလည်း တင်ပြပေးကြရန် ပြောကြားပါသည်။

          ထို့နောက် တက်ရောက်လာကြသူများမှ  မေးမြန်းတင်ပြချက်များအပေါ် ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီဌာန၊ မန္တလေးရုံးခွဲမှ ညွှန်ကြား ရေးမှူးတို့က ပြန်လည်ဖြေကြားဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း   သတင်းရရှိ ပါသည်။       

Source From:KyeMon

HOT NEWS
January 4,