အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဟိုတယ် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဟိုတယ် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး
Ministry of Hotel & Tourism/ နေပြည်တော် / March 03, 2026
နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၈) ရက်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာ စေရေး၊ ခရီးစဉ်ဒေသများနှင့်ခရီးသွားဆွဲဆောင်ရာနေရာများ သန့်ရှင်းသာယာလှပပြီး ရေရှည် တည်တံ့ခိုင်မြဲ၍ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ စဉ်ဆက်မပြတ် တိုးတက်လာရောက် လည်ပတ်နိုင်ရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့ရှိ ဟိုတယ်များသို့ သွားရောက် ပြီး လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။
ရှေ့ဦးစွာ ဟိုတယ်များမှ တာဝန်ရှိသူများက ဟိုတယ်ဌာနများအလိုက် လုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများ၊ ဧည့်သည်အခန်းများ၏ အတွင်း/အပြင် ခင်းကျင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ခရီးသွားဧည့်သည်များ လာရောက်တည်းခိုနေထိုင်မှု အခြေအနေများ၊ ဧည့်သည် များ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ဟိုတယ်များသို့ ဧည့်သည်များ ပိုမို လာရောက်တည်းခိုနေထိုင်ကြရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိသည့် အစီအမံများကို ရှင်းလင်း တင်ပြကြပါသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပုသိမ်မြို့သည် ဧရာဝတီတိုင်း ဒေသကြီး၏ မြို့တော်ဖြစ်ပြီး အထင်ကရခရီးစဉ်ဒေသတစ်ခုဖြစ်သည့်အတွက် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် ဟိုတယ်များအနေဖြင့် ဧည့်သည် များအား အဆင့်အတန်းမီသော ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်ရန် စဉ်ဆက်မပြတ် ကြိုးစား ဆောင်ရွက်ကြရေး၊ ဟိုတယ်ရှိဝန်ထမ်းများအား စွမ်းဆောင်ရည်ပြည့်ဝသော ဝန်ထမ်း များဖြစ်စေရေး၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ထုတ်ပြန်ထားရှိသော အမိန့် နှင့်ညွှန်ကြား ချက်များအား လိုက်နာဆောင်ရွက်ကြရေး၊ ဒေသထွက်ရိုးရာလက်မှုအနုပညာပစ္စည်းများ ခင်းကျင်း ထားရှိရေး၊ ဒေသထွက် ရိုးရာအစားအစာများကို အဆင့်အတန်းမီစွာ ပြင်ဆင်တည်ခင်း ဧည့်ခံရေး၊ လာရောက်တည်းခိုသည့် ဧည့်သည်များအား မိမိတို့ဟိုတယ်များတွင် စိတ်အေးချမ်းမြေ့စွာ ရက်ရှည်တည်းခိုနေထိုင်ကြရေးအတွက် ဟိုတယ်အတွင်း/အပြင်တို့၌ ဆွဲဆောင်မှုရှိသော အပြင် အဆင်များကိုဖန်တီးဖော်ဆောင်ကြရေး၊ ဟိုတယ်ပရဝုဏ်အတွင်းနှင့် မျက်နှာစာများကို သန့်ရှင်း သာယာလှပမှုရှိအောင် ပြင်ဆင်ဆောင်ရွက်ကြရေး၊ သစ်ပင်ပန်းပင်နှင့် အရိပ်ရလေကာပင်များကို အလင်းဖွင့်ခြင်း၊ အောက်ခြေရှင်းလင်းခြင်းနှင့် အမှိုက်များကို သဘာဝပတ်ဝန်းကျင်နှင့် မြို့တော်၏ အင်္ဂါရပ်ကို ထိခိုက်မှုမရှိစေရန် စနစ်တကျစွန့်ပစ်ကြရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေးအစီအမံ များစနစ်တကျပြင်ဆင်ထားရှိရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
Source From: MyanmarAlin
