အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုတို့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ်(၅) တက်ရောက်ရန်အတွက် အသက်မပြည့်သေးသည့် လူငယ်များကို အသက်လိမ်၍ မှတ်ပုံတင်ပြုလုပ်ပေးပြီး သင်တန်းတက်ရောက်ရမည်ဟု သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေ

အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုတို့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ်(၅) တက်ရောက်ရန်အတွက် အသက်မပြည့်သေးသည့် လူငယ်များကို အသက်လိမ်၍ မှတ်ပုံတင်ပြုလုပ်ပေးပြီး သင်တန်းတက်ရောက်ရမည်ဟု သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေ


Ministry of Information/ Naypyitaw / September 13, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုတို့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ်(၅) တက်ရောက်ရန်အတွက် အသက်မပြည့်သေးသည့်လူငယ်များကို အသက်လိမ်၍ မှတ်ပုံတင်ပြုလုပ်ပေးပြီး သင်တန်းတက်ရောက်ရမည်ဟု သတင်းတု၊ သတင်းအမှားများဖြင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းသည် မှန်ကန်မှုမရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်နှင့် လူငယ်လူရွယ်များကို လမ်းမှားရောက်စေရန်အတွက် သွေးထိုးလှုံ့ဆော်ဝါဒဖြန့်ပေးနေသည့် သတင်းအမှားသာဖြစ်ကြောင်း၊ လက်ရှိတွင်ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅)အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားနိုင်လျက်ရှိပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များသည် တာဝန်ကျရာတပ်ရင်းတပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတိအလင်းသတ်မှတ်ဖော်ပြထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး ပြဋ္ဌာန်းထားသည့် ဥပဒေများအတိုင်းသာ တိကျစွာ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

HOT NEWS
January 4,