အုတ်တွင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအတွက် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေး

အုတ်တွင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအတွက် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေး


Ministry of Information/ Naypyitaw / September 14, 2024
image_latest


အုတ်တွင်း စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်မှုများဆောင်ရွက်ပေးနိုင်ရေးအဖွဲ့ ()ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကျေးရွာအုပ်စုအလိုက် ရေဘေးကယ်ဆယ်ရေးစခန်း(၁၀)ခု ဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

အုန်းပင်ကျေးရွာအုပ်စု၊ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်းဝင်းတွင် အိမ်ထောင်စု(၈၆)စု၊ လူဦးရေ(၃၀၀)ဦး၊ စျေးရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းဝင်းတွင် အိမ်ထောင်စု(၁၇၅)စု၊ လူဦးရေ(၃၇၀)ဦး၊ မဲကုန်းရပ်ကွက်၊ မြတ်မိုဃ်းကောင်း ဘုရားဝန်းတွင်အိမ်ထောင်စု(၄၁) စု၊ လူဦးရေ(၁၆၀) ဦး၊ ပဲခူးလမ်း ရပ်ကွက်၊ သာသနာ့ဝေပုလ္လ ကျောင်းတိုက်အတွင်း အိမ်ထောင်စု()စု၊ လူဦးရေ(၄၀)ဦး၊ အုတ်ဖိုကျေးရွာအုပ်စု၊ စိတ္တသုခကျောင်းတိုက်တွင် အိမ်ထောင်စု(၁၅)စု၊ လူဦးရေ(၃၆)ဦး၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ဗောဓိရတနာကျောင်းဝန်းတွင်အိမ်ထောင်စု(၂၅)စု၊ လူဦးရေ(၈၃) ဦး၊ ဝါးတီးကျေးရွာအုပ်စု၊ ဝါးတီးဘုန်းတော်ကြီးကျောင်းအဝန်းတွင် အိမ်ထောင်စု(၂၅) စု၊ အိမ်ထောင်စု(၁၀၀)ဦး၊ ကြက်ရှာဘုန်းတော်ကြီးကျောင်းဝင်းတွင် အိမ်ထောင်စု(၂၈)စု၊ လူဦးရေ(၁၁၃)ဦး၊ မြိုင်တောရဘုန်းတော်ကြီးကျောင်းဝင်းတွင် အိမ်ထောင်စု(၆၄)စု၊ လူဦးရေ(၂၀၀)ဦး၊ ဘန့်ဘွေးကုန်းအုပ်စု၊ ရွှေကျင်ဘုန်းတော်ကြီးကျောင်းဝင်းတွင် အိမ်ထောင်စု(၁၅)ဦး၊ လူဦးရေ(၆၀)ဦး၊ စုစုပေါင်အိမ်ထောင်စု(၄၈၂)စု၊ လူဦးရေ(၁၄၆၂)ဦး ရှိကြောင်း သိရသည်။

တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား လိုက်လံကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် စေတနာရှင်အလှူရှင်များကလည်း ရေသန့်ဘူး၊ ထမင်းနှင့်ဟင်းများ၊ စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းပေးခဲ့ကြောင်း၊ ရေဘေးသင့်ပြည်သူများ ထိခိုက်ပျက်စီးမှုများမရှိစေရေးအတွက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရန် ကြီးကြပ်မှုအဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊​မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်ရင်း/တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များကလည်း ကူညီမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

HOT NEWS
January 4,