အောင်လံမြို့နယ် ဂွေးကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းစစ်ဆေး

အောင်လံမြို့နယ် ဂွေးကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / February 19, 2025
image_latest


အောင်လံမြို့နယ် ဂွေးကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းစစ်ဆေး

အောင်လံ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုးဖုန်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသီအောင်နှင့် စီမံကိန်းဝန်ထမ်းများက ဂွေးကုန်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များနှင့်အတူ စီမံကိန်း ချေးငွေဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ သတ်မှတ်ချေးငွေစာချုပ်ပါအတိုင်း အမှန်တကယ်လုပ်ငန်း ဆောင်ရွက်မှုရှိ၊မရှိ  ငွေစာရင်း ပုံစံများ စနစ်တကျ ဖြည့်သွင်းထားခြင်း ရှိ/မရှိနှင့် စီမံကိန်း လက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှု ရှိ/မရှိအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 ဂွေးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ အဌမနှစ်စက်ဝန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၅၀ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇၈ဦးနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ နှစ်ဦး စုစုပေါင်း အသင်းသူ အသင်းသား ၂၃၀ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၅၆၅သိန်း ထုတ်ချေး ပေးထားကြောင်း  သိရသည်။

HOT NEWS
January 4,