ဧရာဝတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု ကတ်တစ်သန်းပြည့်မြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

ဧရာဝတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု ကတ်တစ်သန်းပြည့်မြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်


Ministry of Information/ ပုသိမ် / February 21, 2020
image_latest


ပုသိမ် ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် အစိုးရသစ်လက်ထက် တိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှု ကတ်တစ်သန်းပြည့်မြောက်ခြင်းအထိမ်းအမှတ်အခန်းအနားကိုယနေ့နံနက်ပိုင်းကမြို့တော်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က အစိုးရသစ်လက်ထက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဒေသဖွံဖြိုးတိုးတက်ရေး၊ ပြည်သူလူထု တစ်ရပ်လုံးလူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဘက်စုံထောင့်စုံကဏ္ဍစုံကနေ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့် ညှိနှိုင်းပေါင်းစပ်၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၏ ကြီးကြပ်လမ်းညွှန်မှု၊ခရိုင် (၆)ခရိုင်မှ ခရိုင်ဦးစီးမှူးများ၏ အနီးကပ်ကြီး ကြပ်ကွပ်ကဲမှုဖြင့် မြို့နယ် ၂၆ မြို့နယ်မှ မြို့နယ်မှူးနှင့် ဝန်ထမ်းများအားလုံးသည် လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များနှင့်အညီ ပြည်သူများအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်တဲ့ ဥပဒေအရကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၆ ခုနှစ်မှ ယနေ့အထိ ၄ နှစ်တာကာလအတွင်း အသက် ၁၀ နှစ် ပြည့်ပြီးသူ (၃၇၀၇၀၅)ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ (၂၅၉၈၂၈)ဦး၊ အသက် ၁၀ နှစ်ပြည့်မှ အသက် ၁၈ နှစ်ပြည့် လဲလှယ်ဆောင်ရွက်သူ (၁၄၂၂၂၉)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီး၍ မိတ္တူဆောင်ရွက်ပေးသူ(၂၈၈၃၄၆)ဦး၊ စုစုပေါင်း (၁၀၆၁၁၀၈) ဦးကို ပြည်သူများလက်ဝယ်သို့ ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ပြည်သူကိုဗဟိုပြုပြီးပြည်သူဆန္ဒကို အလေးထားကာပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုတဲ့ဆန္ဒနဲ့ အိမ်ထောင်စုလူဦးရေစာရင်းနဲ့၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို မြို့နယ်ရုံးများတွင်သာမက ရပ်ကွက်/ကျေးရွာများ၊ စာသင်ကျောင်းများသို့ စီမံချက်များရေးဆွဲကာ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းရှိ စက်ရုံ အလုပ်ရုံများတွင်သွားရောက် အလုပ်လုပ်ကိုင်နေကြသူများကိုလည်း၊ လုပ်ငန်းခွင်မပျက် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ရရှိကိုင်ဆောင်စေရေးအတွက် သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးရုံများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ မိဘမဲ့ဂေဟာများ၊ ပရဟိတဂေဟာများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ လူငယ်သင်တန်းကျောင်းများတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းလုပ်ငန်များကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ပေးမှုများကြောင့် ပြည်သူများရသင့်ရထိုက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခက်အခဲမရှိ ရရှိကိုင်ဆောင်နိုင်ခဲ့ကြသလို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကိုလည်း ပြည်သူများတန်ဘိုးထား ကိုင်တွယ်ထိန်းသိမ်ကြရန်၊ ဆက်လက်ပြီး အသက် ၁၀ နှစ်ပြည့်၊ ၁၈ နှစ်ပြည့် လာမည့်သူများကိုလည်း၊ အချိန်နှင့်တစ်ပြေးညီစဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားကြရန်နှင့် ယခုကဲသို့ တိုင်းဒေသကြီး အနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်း ကတ်တစ်သန်းပြည့်အခမ်းအနားကို ကျင်းပနိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း ပြောကြားသည်။

ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဧရာဝတီတိုင်းဦးစီးမှူး ဦးစိုးပိုင်မြင့်က ဌာနဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ရှင်းလင်းတင်ပြသည်။

၎င်းနောက်ဝန်ကြီးချုပ်က နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရာတွင် ကတ်တစ်သန်းပြည့်မြောက်သည့်လူပုဂ္ဂိုလ်အား နိုင်ငံ သားစိစစ်ရေးကတ်ပြား၊ ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အမှတ်တရလက်ဆောင်များကိုပေးအပ်သည်။

ဆက်လက်ပြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခရိုင်မှူးများကို ခရိုင်အလိုက် ကတ်တစ်သန်းပြည့်မြောက်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှု အပေါ်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား သက်ဆိုင်ရာ ခရိုင်အလိုက် ကွင်းဆင်းဆောင်ရွက် ထားသောနိုင်ငံသားစိစစ်ရေးကတ်ပြားများကိုပေးအပ်သည်။

ထို့နောက် ကတ်တစ်သန်းပြည့်မြောက်သည့် လူပုဂ္ဂိုလ်ဖြစ်သူ လပွတ္တာမြိုနယ် ဆားချက်ကျေးရွာအုပ်စု၊ ချမ်းသာကုန်းကျေးရွာနေ (ဘ)ဦးစီးဒိုးသား စောဆာဘလုမူးက ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြကာ အခန်းအနားကိုရုပ်

သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် လုပ်ငန်းဆောင်ရွက်ထားမှု မှတ်တမ်းဓာတ်ပုံများလိုက်လံကြည့်ရှုခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးလှမိုးအောင် ၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြိုနယ်များမှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားအင်ဆိုင်ရာ ဦးစီးမှူးများ၊ ဝန်ထမ်းများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)

HOT NEWS
January 4,