ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ လိပ်ကမ္ဘာကျေးရွာအုပ်စု၊ ဝဲချောင်းကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ လိပ်ကမ္ဘာကျေးရွာအုပ်စု၊ ဝဲချောင်းကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု

Ministry of Home Affairs/ နေပြည်တော် / November 19, 2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ လိပ်ကမ္ဘာကျေးရွာအုပ်စု၊ ဝဲချောင်းကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ လိပ်ကမ္ဘာကျေးရွာအုပ်စု၊ ဝဲချောင်းကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ ၁၃၀၀အချိန်ခန့်က မောင်းတီးမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျ၍ မြစ်ကမ်းဘေးရှိ ပိုင်ရှင် ဦးခင်ဦး၏ (၆၀x၃၀)ပေ၊ အုပ်ညှပ်၊ သွပ်မိုး၊ ပျဉ်ကာ၊ အုတ်ခင်း ဆန်စက်ဂိုဒေါင် ၁ လုံး၊ ပိုင်ရှင် ဦးသန်းထွေး၏(၁၅x၁၅)ပေ၊ ဓနိမိုး၊ ဓနိကာ၊ ဝါးကြမ်းခင်း လူနေအိမ် ၁ လုံး၊ (၃၀x၆)ပေ သံကူကွန်ကရစ် တံတား ၁ စင်း ပြိုကျပျက်စီးမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်  ကန်ကြီးထောင့်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၇၂၀ အချိန်တွင် ပြီးစီးခဲ့ပါသည်။
 အဆိုပါဖြစ်စဉ်ကြောင့် ဆန်စက်ဂိုဒေါင် ၁ လုံး၊ လူနေအိမ် ၁ လုံး၊ တံတား ၁ စင်းတို့ ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် ပြိုကျပျက်စီးသွားသော နေအိမ်၏ မိသားစုဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦး တို့အား နီးစပ်ရာဆွေမျိုးနေအိမ်များထံသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။