ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် မီးလောင်မှု

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / June 09, 2023


    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့၊ ၀၃၄၅ အချိန်ခန့်က ပိုင်ရှင် ဦးမြင့်စိုးအောင်၏ (၅၀x၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် “555” လူနေကုန်စုံဆိုင်တွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ အနီးရှိ ကုန်ခြောက်ပစ္စည်းများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကြံခင်းမြို့နယ်နှင့် မြန်အောင်မြို့နယ်ရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၇ စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ၀၄၄၅ အချိန် မီးငြိမ်းခဲ့ပါသည်။
    အဆိုပါ မီးလောင်မှုကြောင့် လူနေကုန်ခြောက်ဆိုင် အဆောက်အဦ တစ်လုံးနှင့် ကုန်ခြောက် ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ဦးတင်ဝင်း (ခ) ဦးအေးရား မီးလောင်သေဆုံးခဲ့သဖြင့် မြတ်ဓမ္မ နာရေးကူညီမှု အသင်းယာဉ်ဖြင့် ကြံခင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ပိုင်ရှင် ဦးမြင့်စိုးအောင်အား ကြံခင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။