ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်(၄)ရပ်ကွက်၊ မရမ်းပင်လမ်းတွင် “ကားဝပ်ရှော့” မီး‌လောင်မှု

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်(၄)ရပ်ကွက်၊ မရမ်းပင်လမ်းတွင် “ကားဝပ်ရှော့” မီး‌လောင်မှု


Ministry of Home Affairs/ နေပြည်တော် / July 22, 2023


     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်(၄)ရပ်ကွက်၊ မရမ်းပင်လမ်းတွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၂ နာရီ ၂၅ မိနစ်ခန့်က ပိုင်ရှင်ဦးဇော်မင်းထွန်း၏ (၂၀x၂၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း(၁)ထပ် “ကားဝပ်ရှော့”တွင် ကားဘက်ထရီ အားသွင်းထားရာမှ အပူလွန်ကဲပြီး ကားအင်ဂျင်ခန်းသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဟင်္သာတခရိုင်မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၅ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီတွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် (၂၀x၂၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း(၁)ထပ် အဆောက်အဦ ၁ လုံး၊ ဒီဇယ်ပီပါ ၅ လုံး၊ YGN/7R-XXXX SOUEAST အမျိုးအစား အိမ်စီးကား ၁ စီးမီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင်ဦးဇော်မင်းထွန်းအား ဟင်္သာတမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

   

HOT NEWS
January 4,