ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့အဝင်ရှိ ကျွန်းပင် ၁ဝဝ နီးပါးကို မြို့နယ်ထွေအုပ်က တိုင်းရန်ပုံငွေ အကြောင်းပြ၍ ခုတ်ယူနေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့အဝင်ရှိ ကျွန်းပင် ၁ဝဝ နီးပါးကို မြို့နယ်ထွေအုပ်က တိုင်းရန်ပုံငွေ အကြောင်းပြ၍ ခုတ်ယူနေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ


Ministry of Information/ Naypyitaw / January 02, 2024
image_latest


နေပြည်တော် ဇန်နဝါရီလ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့အဝင်ရှိ ကျွန်းပင် ၁၀၀ နီးပါးကို တိုင်းရန်ပုံငွေ အကြောင်းပြ၍ မြို့နယ်ထွေအုပ်ရုံးက ခုတ်ယူနေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကျောင်းကုန်းမြို့၏ အဓိကလမ်းမကြီးပေါ်ရှိ လမ်းနှင့်မလွတ်ကင်းသည့် သစ်ပင်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ မြို့၊ ရွာများအား သန့်ရှင်းသာယာလှပရေးအတွက် ဒေသခံများ၊ ဒေသတွင်တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက အပတ်စဉ်စနေနေ့တိုင်းတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ တရားမဝင် ပြည်ဖျက်မီဒီယာများမှ သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,