ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်အတွင်းရှိ လျှပ်စစ်စက်ဘီးနှင့် သုံးဘီးဆိုင်ကယ်ထုတ်လုပ်နေမှုများကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်အတွင်းရှိ လျှပ်စစ်စက်ဘီးနှင့် သုံးဘီးဆိုင်ကယ်ထုတ်လုပ်နေမှုများကြည့်ရှုစစ်ဆေး


Ayeyarwaddy Region Government/ ပုသိမ် / August 19, 2024


ပုသိမ်     ဩဂုတ်       ၁၈

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် အဖွဲ့သည် ဩဂုတ်လ ၁၇ရက်နေ့ ညနေပိုင်းက ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်း

ကျေးရွာရှိ MiMi Motors ကုမ္ပဏီသို့သွားရောက်၍ လျှပ်စစ်စက်ဘီး (E-Bike)နှင့် သုံးဘီးဆိုင်ကယ် တပ်ဆင်ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာရှိ MiMi Motors ကုမ္ပဏီသို့သွားရောက်၍ လျှပ်စစ်

စက်ဘီး (E-Bike)နှင့် သုံးဘီးဆိုင်ကယ်များအား ပစ္စည်းတစ်ခုချင်းအလိုက် ဘက်ထရီကြိုးနှင့် မိန်းကြိုးတပ်ဆင်နေမှုများ၊ ကာဗာတပ်ဆင်နေမှုများ၊

လက်ကိုင်ကိုင်းတပ်ဆင်နေမှုများနှင့် ပစ္စည်းတစ်ခုချင်းအလိုက်တပ်ဆင်နေမှုများကိုလည်းကောင်း၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများက လျှပ်စစ်

စက်ဘီး(E-Bike)နှင့် သုံးဘီးဆိုင်ကယ်အား လက်တွေ့စီးနင်းမောင်းနှင်ပြသမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ပစ္စည်းတစ်ခု

ချင်းအလိုက် တပ်ဆင်နေမှုများနှင့် လျှပ်စစ်သုံး နှစ်ဘီး၊ သုံးဘီးဆိုင်ကယ်အမျိုးအစားများ ထုတ်လုပ်ဆောင်ရွက်နေမှုများ၊ လျှပ်စစ်စက်ဘီး (E-Bike) နှင့်

နှစ်ဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်များ  ထုတ်လုပ်အသုံးပြုခြင်းအားဖြင့် စက်သုံးဆီသုံးစွဲမှုကိုလျှော့နိုင်မှု၊ ကျောင်းသားကျောင်းသူများအပါအဝင်

အသက်အရွယ်မရွေးလွယ်ကူစွာသုံးစွဲနိုင်မှုများ၊ E-Bike (MI. Bike 10 series)၊ နှစ်ဘီးဆိုင်ကယ် ( MI. Bike 20 series)၊ နှစ်ဘီးဆိုင်ကယ်( MI. Bike 30

series)၊ နှင့်သုံးဘီးဆိုင်ကယ် MI.(MET) series များကိုထုတ်လုပ်ရောင်းချသွားရန်ရည်မှန်းထားပြီး ယခုတွင် E-Bike MI. Bike 10 series) များကိုစမ်းသပ်

ထုတ်လုပ်နေမှုနှင့်ဈေးကွက်အတွင်း တင်ပို့ရောင်းချနေမှုများကို ရှင်းလင်းတင်ပြခဲ့ ကြောင်းသိရသည်။