ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကုန်သည်လမ်းတွင်  “Auto Mobile” ဖုန်းနှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင် မီးလောင်မှု

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကုန်သည်လမ်းတွင်  “Auto Mobile” ဖုန်းနှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / September 05, 2024


     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂ ရက် နံနက် ၄ နာရီ ၄၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကုန်သည်လမ်းရှိ ပိုင်ရှင် ဒေါ်ခင်ဆွေမြင့်၏ ၁၈x၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း တစ်ထပ် ဆိုင်ခန်းအား ငှားရမ်းထားသော ဦးရဲနိုင်၏  “Auto Mobile” ဖုန်းနှင့် ဖုန်းအပိုပစ္စည်း အရောင်းဆိုင်ခန်း၌  ဘက်ထရီအိုးအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လပွတ္တာခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ  မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ငါးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် ၁၈x၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း တစ်ထပ် ဆိုင်ခန်း နှစ်ခန်း၊ ၉x၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း တစ်ထပ် ဆိုင်ခန်း၏ အမိုးအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်ခန်းငှား ဦးရဲနိုင်အား  လပွတ္တာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။