ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ “ညောင်ပင်လေးဈေး” မီးလောင်မှု
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ “ညောင်ပင်လေးဈေး” မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / January 21, 2025
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက် နံနက် ၁ နာရီ ၂၅ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ “ညောင်ပင်လေးဈေး” ညဈေးထမင်းကြော်ဆိုင်မှ ဦးသန့်ဇင်ဝင်းသည် ဇန်နဝါရီ ၁၈ ရက်၊ ည ၁၁ နာရီ ၅၀ မိနစ်တွင် မီးသွေးမီးဖိုအား အဒေါ်ဖြစ်သူ ဒေါ်သိန်းအေး၏ ၆x၆ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ် ဈေးဆိုင်ခန်းအနီး၌ သိမ်းဆည်းထားခဲ့ရာမှ မီးသွေးမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ပျဉ်ကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြောင်းမြခရိုင်မီးသတ်စခန်းနှင့် မြောင်းမြမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၆x၆ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ် ဈေးဆိုင်ခန်း ၁၁၀ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မီးပေါ့ဆသူ ဦးသန့်ဇင်ဝင်းအား မြောင်းမြမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။