ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ငါးဆယ်တောင်ရပ်ကွက်ရှိ ဟင်္သာတကွန်ပျူတာတက္ကသိုလ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်မှု

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ငါးဆယ်တောင်ရပ်ကွက်ရှိ ဟင်္သာတကွန်ပျူတာတက္ကသိုလ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်မှု


Ministry of Home Affairs/ နေပြည်တော် / February 23, 2025


     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ငါးဆယ်တောင်ရပ်ကွက်ရှိ ဟင်္သာတကွန်ပျူတာတက္ကသိုလ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်မှု ပြုလုပ်ခဲ့ပါသည်။
     အဆိုပါအသိပညာပေးဟောပြောပွဲတွင် မီးလောင်ခြင်းအကြောင်းအရင်းများနှင့် အရေးပေါ် မီးလောင်မှုဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးပစ္စည်းများအား စနစ်တ ကျကိုင်တွယ်ငြှိမ်းသတ်နိုင်ရေး နည်းလမ်းများ၊ မီးသတ်ဆေးဗူးအသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်နည်း၊ ဆီမီးငြှိမ်းသတ်နည်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အသင့်တပ်ဆင်ထားရှိမှုနည်းလမ်းများနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများအား ဟင်္သာတခရိုင်/ မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,