ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ
Ministry of Home Affairs/ Nay Pyi Taw / February 28, 2025
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရတနာလမ်း၌ အမှတ်(၈၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဘိုကလေးမြို့မှ ဖျာပုံမြို့သို့ ဘိုကလေးမြို့နယ်၊ မဂူကျေးရွာနေ ဘိုဘိုဦး(၂၅)နှစ် မောင်းနှင်လာသည့် YGN-8 4D/XXXX HONDA ODYSSEY အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဘိုဘိုဦးအား ဖျာပုံမြို့မရဲစခန်း (ပ)၃၀/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။