ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ စပ်စုကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ဥယျာဉ်ဝပေါ်တော်မူသတ္တဌာနဘုရားဝင်းအတွင်းရှိ ကျောင်းဆောင်များ အမိုးလန်မှုဖြစ်ပွားသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

Ministry of Home Affairs/ Naypyitaw / July 26, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက် နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ငပိချောင်းကျေးရွာအုပ်စု၊ စပ်စုကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ဥယျာဉ်ဝပေါ်တော်မူသတ္တဌာနဘုရားဝင်းအတွင်းရှိ ဆွမ်းစားဆောင်၊ သီလရှင်ကျောင်းဆောင်နှင့်၊ ရေစင်အဆောက်အအုံများ အမိုးလန်ခြင်း၊ မျက်နှာကြက်များနှင့် အမိုးသစ်သားတန်းများ ပျက်စီးမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျိုက်လတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။