ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ လမ်းပလက်ဖောင်းပေါ်ရှိ ဓာတ်တိုင်အား ဝင်ရောက်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ လမ်းပလက်ဖောင်းပေါ်ရှိ ဓာတ်တိုင်အား ဝင်ရောက်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး


Ministry of Home Affairs/ Naypyitaw / August 04, 2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ လမ်းပလက်ဖောင်းပေါ်ရှိ ဓာတ်တိုင်အား ဝင်ရောက်တိုက်မိမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ လမ်းပလက်ဖောင်းပေါ်ရှိ ဓာတ်တိုင်အား ဝင်ရောက်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး ခဲ့ကြောင်း သိရသည်။ 

     ဖြစ်စဉ်မှာ ဩဂုတ် ၃ ရက် နံနက် ၁ နာရီ ၁၅ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ “မြကျွန်းသာ” အိမ်ရာဝင်းအတွင်း၌ ဆိုင်ကယ်မှ လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်နေ သက်ပိုင်(ခ)သက်ပိုင်ဦး(၃၇)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်သည် အရာရှိရိပ်သာလမ်းအတိုင်း မြကျွန်းသာမီးပွိုင့်ဘက်မှ မြကျွန်းသာအိမ်ရာဘက်သို့ တစ်ဦးတည်း မောင်းနှင်လာစဉ် မြကျွန်းသာအိမ်ရာဝင်း၊ ရွှေမင်္ဂလာလမ်းဆုံအနီးအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းပလက်ဖောင်းအား ကျော်တက်ကာ ပလက်ဖောင်းပေါ်ရှိ ဓာတ်တိုင်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သောကြောင့် သက်ပိုင်(ခ)သက်ပိုင်ဦး အား ပုသိမ်မြို့မရဲစခန်း ယာဉ်(ပ)၁၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။