ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အမှတ်(၄)အလတ်စားစက်ပြင်အလုပ်ရုံတွင် အမှတ်(၃/၂၀၂၅)ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင့်/ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အမှတ်(၄)အလတ်စားစက်ပြင်အလုပ်ရုံတွင် အမှတ်(၃/၂၀၂၅)ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင့်/ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / August 20, 2025


ပုသိမ် ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ အမှတ်(၄) အလတ်စားစက်ပြင်အလုပ်ရုံတွင်ပြုလုပ်သည့် အမှတ်စဉ်(၃/၂၀၂၅) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“တိုင်းဒေသကြီးအနေဖြင့် မိုးစပါး (၁)ဧက တင်း (၁၀၀)ထွက်ရှိရေး ရည်မှန်းချက် ထားရှိဆောင်ရွက်လျက်ရှိရာ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးများ ရိတ်သိမ်းခြွေလှေ့ရာတွင် အလေအလွင့် အနည်းဆုံးဖြစ်စေရန် လိုပါကြောင်း၊ ရိတ်သိမ်းခြွေလှေ့စက်အား ကျွမ်းကျင်စွာ ကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ပါက အလေအလွင့်နည်းပါးမည်ဖြစ်ပြီး ပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးအတွက် များစွာအထောက်အကူရမည် ဖြစ်သဖြင့် စနစ်တကျ မောင်းနှင်ရိတ်သိမ်း ခြွေလှေ့တတ်စေရန် ယခုလိုသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ရိတ်သိမ်း ခြွေလှေ့စက်သည် တောင်သူများအတွက် အားထားရပြီး စပါးအလေအလွင့် အနည်းဆုံး ဖြစ်စေရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရန်” အမှာစကားပြောကြားသည်။ ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီးနောက် သင်တန်းနည်းပြဆရာများက တစ်ဦးချင်း မိတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းသား များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ လယ်ယာသုံးစက်ပစ္စည်းများအား ကြည့်ရှု အားပေးခဲ့သည်။ အဆိုပါ သင်တန်းကို ယနေ့မှစ၍ တစ်လကြာ လက်တွေ့(၉၈)ချိန်နှင့် စာတွေ့(၄၂)ချိန် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား(၅၀)ဦး တက်ရောက်သင်ကြား လျက်ရှိကြောင်းသိရသည်။

HOT NEWS
January 4,