ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / September 21, 2025


     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အကယ်ချောင်းကျေးရွာအနီး မိုင်တိုင်အမှတ် ၄၄ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပန်းတနော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပုသိမ်မြို့မှ ရန်ကုန်မြို့ဘက်သို့ အဆိုပါကျေးရွာနေ ဒေါ်ကျော့ကျော့ခိုင်(၄၀)နှစ် မောင်းနှင်လာသော ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ အကယ်ချောင်းကျေးရွာအတွင်းသို့ ချိုးကွေ့မောင်းနှင်စဉ် ရန်ကုန်မြို့မှ ပုသိမ်မြို့ဘက်သို့ ပန်းတနော်မြို့နယ်၊ ကဇင်းငူကျေးရွာနေ ဦးစောမြင့်နိုင်(၆၂)နှစ် မောင်းနှင်ပြီး မဝိုင်းဝတ်ရည်ဖြိုး(၁၉)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးစောမြင့်နိုင်၊ ဒေါ်ကျော့ကျော့ခိုင်နှင့် မဝိုင်းဝတ်ရည်ဖြိုး တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ကျော့ကျော့ခိုင် အား ပန်းတနော်မြို့မရဲစခန်း ယာဉ်(ပ)၂၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,