ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ပုသိမ်-ငွေဆောင်-ချောင်းသာ ကားလမ်းဘေး ဝဲ/ယာ၌ Green Zone ဖော်ဆောင်နိုင်ရေးအတွက် ပန်းအလှပင်များ စိုက်ပျိုးနေမှုအား ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ပုသိမ်-ငွေဆောင်-ချောင်းသာ ကားလမ်းဘေး ဝဲ/ယာ၌ Green Zone ဖော်ဆောင်နိုင်ရေးအတွက် ပန်းအလှပင်များ စိုက်ပျိုးနေမှုအား ကွင်းဆင်းစစ်ဆေး
Ministry of Home Affairs/ နေပြည်တော် / October 17, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက် နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၁)တံတားအထွက် ပုသိမ်-ငွေဆောင်-ချောင်းသာ ကားလမ်းဘေး ဝဲ/ယာ၌ Green Zone ဖော်ဆောင်နိုင်ရေးအတွက် ပန်းအလှပင်များ စိုက်ပျိုးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန် ဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။