ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသား သေဆုံး
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသား သေဆုံး
Ministry of Home Affairs/ နေပြည်တော် / November 12, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသား သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော် မြို့နယ်၊ တော်တရလေးကျေးရွာအနီး ပုသိမ်-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ် ၅၅ မိုင် ၇ ဖာလုံနှင့် ၅၆ မိုင်ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပန်းတနော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာနေ သန့်ဇော်ထွန်း(၃၂)နှစ် မောင်းနှင်လာသည့် AYY-16/1Q-XXXX KING LONG ခရီးသည်မော်တော်ယာဉ်သည် ပုသိမ်မှ ရန်ကုန် ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ တော်တရလေးကျေးရွာနေ ဦးဝင်းလှိုင်(၅၁)နှစ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးဝင်းလှိုင်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် သန့်ဇော်ထွန်း အား ပန်းတနော်မြို့မရဲစခန်း ယာဉ်(ပ)၂၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
