ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာ၌ နေအိမ် မီးလောင်မှု
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာ၌ နေအိမ် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / January 26, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာ၌ ပိုင်ရှင် ဦးရဲမင်းကို(၃၃)နှစ်၏ ၁၀ x ၁၀ ပေ၊ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ဓနိအကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ငပုတောမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် စက်လှေဖြင့် သွားရောက်ပြီး အပေါ့စားမီးသတ်စက် အသုံးပြု၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၀ x ၁၀ ပေ၊ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ် အပါအဝင် စုစုပေါင်း နေအိမ် ၃၅ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ရဲမင်းကို အား ငပုတောမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
