ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့မှုကြောင့် အမျိုးသား လေးဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့မှုကြောင့် အမျိုးသား လေးဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ Naypyitaw / February 10, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့မှုကြောင့် အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်နေ မောင်ဖြိုးကိုကို(၁၇)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ မောင်ရှိုင်းထက်မြတ်သူ(၁၉)နှစ်နှင့် မလမင်းအိမ်(၁၈)နှစ်တို့ စီးနင်းလာသည့် AYY/70W-XXXX NEW ZXINENG 110 ဆိုင်ကယ်သည် ပုသိမ်မြို့ရှောင်လမ်းအတိုင်း ဆီဇုန်လမ်းဆုံဘက်မှ ပျဉ်းကတိုးကုန်းကျေးရွာဘက်သို့ မောင်းနှင်လာစဉ် ငါးကျီးထူကျေးရွာ၊ မဟာစေတီလမ်းအရောက်၌ ပျဉ်းကတိုးကုန်းကျေးရွာဘက်မှ ပုသိမ်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ မောင်အောင်မြတ်ခိုင် (၁၉)နှစ် မောင်းနှင်ပြီး သာပေါင်းမြို့နယ်၊ မကျီးကုန်းကျေးရွာနေ မောင်ဖြိုးခန့်ကိုကို(၂၄)နှစ် စီးနင်းလာသည့် AYY-XXXX HONDA SCCOPY ဆိုင်ကယ်ဖြင့် မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့သဖြင့် မောင်ဖြိုးကိုကို၊ မောင်ရှိုင်းထက်မြတ်သူ၊ မလမင်းအိမ်၊ မောင်အောင်မြတ်ခိုင်နှင့် မောင်ဖြိုးခန့်ကိုကိုတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ဖြိုးကိုကိုနှင့် အောင်မြတ်ခိုင်တို့ နှစ်ဦးအား ပုသိမ်မြို့မရဲစခန်း ယာဉ်(ပ)၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
