ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / February 21, 2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်   ဆိုင်ကယ်၏ မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြေတံတားကျေးရွာအနီး မြောင်းမြ-လပွတ္တာသွားကားလမ်း မိုင်တိုင်အမှတ် ၄၀ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မြောင်းမြမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လှည်းဆိပ်ကျေးရွာနေ ဦးဝင်းဗိုလ်(၅၅)နှစ် မောင်းနှင်ပြီး သရက်ချောင်းကျေးရွာနေ ပြည်စံအေး(၃၇)နှစ် လိုက်ပါလာသော ဆိုင်ကယ်သည် အခင်းဖြစ်နေရာ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ ဓာတ်တိုင်အား ဝင်ရောက်တိုက်မိ၍ တိမ်းမှောက် ခဲ့သဖြင့် ဝင်းဗိုလ်တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ပြည်စံအေးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဝင်းဗိုလ် အား မြောင်းမြမြို့မရဲစခန်း ယာဉ်(ပ) ၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။